ဆီမီးဖိုင်နယ်ကို အောက်တိုဘာ ၂၅ မှာ ဆက်လက်ကျင်းပပါမယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ လာမယ့် အောက်တိုဘာ ၂၅ မှာ ဆက်လက်ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး မြန်မာ အသင်းကတော့ တစ်ဖက်အုပ်စုက အုပ်စုဗိုလ်အသင်းနဲ့ တွေ့ဆုံ ကစားရပါမယ်။

ဒီကနေ့ မနက်ပိုင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ ထိုင်းနဲ့မြန်မာအသင်းတို့ရဲ့ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ၂၀၁၉ အမျိုးသားပြိုင်ပွဲမှာတော့ ထိုင်းအသင်းက ၉ ဂိုး ဂိုးမရှိနဲ့ အနိုုင်ရခဲ့ပါတယ်။



မြန်မာအသင်းအနေနဲ့ အုပ်စုတွင်းမှာ ကမ္ဘောီးယားနဲ့အရှေ့တီမောတို့ကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့်ထိုင်းအသင်း ကိုရှုံးနိမ့်ပြီး ၂ပွဲနိုင် ၁ ပွဲရှုံး ရလဒ်နဲ့အတူ ဆီမီးဖိုင်နယ်ကိုတောာ့ အုပ်စု ဒုတိယနဲ့ တက်နိုင်ခဲ့ပါတယ်။



ထိုင်းအသင်းကတော့ မနေ့က အရှေ့တီမောကို ၁၂-၁ ဂိုးနဲ့ အနိုုင်ရခဲ့သလို အဖွင့်ပွဲမှာလည်း ကမ္ဘောီးယားကို ၁၂-၀ ဂိုးနဲ့ အနိုင်ရခဲ့လို့ ၃ ပွဲနိုင် ၉ မှတ်နဲ့ အုပ်စုဗိုလ်ရခဲ့ပါတယ်။

တစ်ဖက်အုပ်စုမှာတော့ အိမ်ရှင်ဗီယက်နမ်နဲ့အငိုနီးရှားအသင်းတို့က ၄ မှတ်စီနဲ့ အုပ်စုပနဲ့ဒုမှာရပ်တည်နေပြီး သြစတြေးလျအသင်းက ၃ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေကာ မလေးရှားအသင်းကတော့ အမှတ်မရသေးပေ။

အုပ်စုနောက်ဆုံးပွဲတွေကို ဒီကနေ့မှာ ဆက်လက်ကစားမှာဖြစ်ပြီး သြစတြေးလျနဲ့ အင်ဒိုနီးရှား၊ဗီယက်နမ်နဲ့ မလေးရှားတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။



က္က