ဧရာဝတီယူနိုက်တက်အသင်းက ယခုနှစ် မြန်မာလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းပါ။

ဧရာဝတီယူနိုက်တက်အသင်းက ယခုနှစ် မြန်မာနေရှင်နယ်လိဂ်မှာ တစ်သင်းတည်းသော ရှုံးပွဲမရှိထားတဲ့ အသင်းဖြစ်ပြီး ၈ပွဲကစား ၆ပွဲနိုင် ၂ပွဲသရေကျကာ ရမှတ် ၂၀နဲ့ အဆင့် ၂မှာ ရပ်တည်နေတာပါ။

ဧရာဝတီယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၄-၀ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ဆက်လက်ရပ်တည်ပြီး ထိပ်ဆုံးက ဟံသာဝတီယူနိုက်တက်အသင်းကို ဖိအားပေးထားနိုင်ဆဲ ဖြစ်ပါတယ်။



ဧရာဝတီယူနိုက်တက်အသင်းအတွက် ဂိုးတွေကိုတော့ တိုက်စစ်မှူးဆာဆက်ကနှစ်ဂိုး၊နောက်ခံလူ စိုးမိုးကျော်က တစ်ဂိုး၊တိုက်စစ်မှူး သန်းထက်အောင်တို့က အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

မနေ့က ရန်ကုန်အသင်းက မကွေးအသင်းကို ၆-၀ဂိုးနဲ့ နိုင်လိုက်လို့ ဧရာဝတီနဲ့ အမှတ်တူ ဂိုးကွာြခားချက်အသာနဲ့ အဆင့် ၂နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပေမယ့် ဒီနေ့မှာ ဧရာဝတီက သူတို့နေရာမှန်ကို ပြန်လည်ဆုပ်ကိုင်လိုက် တာပါ။

ဒီနေ့ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ရခိုင်ယူနိုက်တက်အသင်းကတော့ အဆင့် ၅နေရာကို ဆင်းပေးခဲ့ရပြီး ဆောက်သမ်းကို ၁-၀နဲ့ နိုင်ခဲ့တဲ့ ရှမ်းယူနိုက်တက်က အဆင့် ၄နေရာကို လွှဲပြောင်းယူထားနိုင်ပါတယ်။

ရတနာပုံအသင်းကလည်း I.S.P.E အသင်းကို ၄-၀နဲ့ အနိုင်ယူနိုင်ခဲ့လို့ အဆင့် ၇နေရာကို တက်လှမ်းလာနိုင်ခဲ့ပါ တယ်။

ဟံသာဝတီယူနိုက်တက်အသင်းကတော့ ၈ပွဲကစား ၇ပွဲနိုင် ၁ပွဲရှုံးရမှတ် ၂၁မှတ်နဲ့ ဧရာဝတီယူနိုက်တက်အသင်းကို တစ်မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။

လာမယ့်အပတ်မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးက ဟံသာဝတီနဲ့ရန်ကုန်ယူနိုက်တက်တို့ တွေ့ဆုံနေလို့ ဧရာဝ တီယူနိုက်တက်အတွက် အခွင့်ကောင်းတစ်ခု ဖြစ်နေပါတယ်။

ဒီအချိန်မှာ ဧရာဝတီယူနိုက်တက်အသင်းအနေနဲ့ စစ်ကိုင်းယူနိုက်တက်အသင်းကို အနိုင်ကစားနိုင်မယ်ဆိုရင် အမှတ်ပေးဇယားကို ဦးဆောင်သူတောင် ဖြစ်လာနိုင်ချေ ရှိနေလို့ လာမယ့် အပတ်မှာတော့ အမှတ်ပေးဇယား အပြောင်းအလဲဖြစ်မလား စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

Share

က္က