ဒဏ်ရာကြောင့် အချိန်ကာလတစ်ခုအထိအနားယူရဦးမှာပါ။
Win Kyaw Min

ဆိုက်ကယ်တဆမှုကြောင့် နံရိုးကျိုးဒဏ်ရာနဲ့ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့သူလည်းဖြစ်ပါတယ်။

PHOTO : Rakhine United Football Club

ဦးခေါင်းထိခိုက်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရတဲ့ ရခိုင်ယူနိုက်တက်ကွင်းလယ်က စားသမား ဖြစ်သူဇော်သိန်းဝင်းကို ရန်ကုန်ဆေးရုံကြီးတွင် ဆက်လက်ကုသမှုခံယူရန်အတွက် စစ်တွေဆေးရုံ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုခဲ့ပြီဖြစ်တဲ့အတွက် ရန်ကုန်မြို့သို့ စင်းလုံးငှားလေယာဉ်နဲ့ပို့ဆောင်ခဲ့တယ်လို့ အသင်းရဲ့တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ယူနိုက်တက်ကစားသမားဖြစ်သူ ဇော်သိန်းဝင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ရက်နေ့ညပိုင်းက ဆိုက် ကယ်မတော်တဆမှုဖြစ်ခဲ့ပြီး ဦးခေါင်းတွင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့အတွက် စစ်တွေဆေးရုံမှာအရေး ပေါ်အဖြစ်ကုသမှုခံယူနေရသူလည်းဖြစ်ပါတယ်။


“ အခြေအနေကတော့ တိုးတက်မှုတွေရှိလာပါတယ်။ စကားတော့မပြောနိုင်သေးပေမယ့် သတိတော့ရ နေပါပြီ။ ရန်ကုန်ဆေးရုံရောက်မှ စစ်ဆေးကုသမှုတွေထပ်လုပ်ပြီးမှ အခြေအနေတိတိကျကျသိရပါမယ် ” လို့ ရခိုင်ယူနိုက်တက်အသင်းမီဒီယာတာဝန်ခံ ကိုသက်ထူးနိုင်ဦးက DuwunSports ကိုအတည်ပြု ပေးခဲ့ပါတယ်။

အသင်းအနေနဲ့ ဇန်နဝါရီ ၂ရရက်နေ့ကတည်းကရန်ကုန်ဆေးရုံကိုပို့ဆောင်ကုသရန်စစ်တွေဆေးရုံတာ ဝန်ရှိသူများထံတောင်းဆိုခဲ့သော်လည်း အရေးပေါ်အခြေအနေနဲ့ရင်ဆိုင်နေရတဲ့ ကာယကံရှင်ကြောင့် စိတ်ချရတဲ့အခြေအနေရောက်မှ အခုလိုခွင့်ပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

PHOTO : Rakhine United Football Club

ဇော်သိန်းဝင်းရဲ့ ဒဏ်ရာအခြေအနေကို အချိန်ကာလတစ်ခုအထိကုသရဖို့ရှိနေပြီး အသင်းရဲ့အတည် ပြုချက်အရရန်ကုန်ဆေးရုံကြီး၊ ဦးနှောဏ်နှင့်အာရုံကြောဋ္ဌာနနဲ့ချိန်ဆက်စီစဉ်မှုများ ပြုလုပ်ထားကြောင်း လည်း သိရပါတယ်။


Author


က္က