သူ့ရဲ့ တစ်ဦးတည်းအမြင်ကို ပြောပြခဲ့တာပါ။
Pyae Phyo Thein

လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်တဲ့ ဆောင်လမန်ကတော့ လိဂ် (၃) ကလပ် မြောင်ကန်ယူနိုက်တက်၊ ယူ၂၂ကစားသမားဖြစ်တဲ့ မြတ်ကောင်းခန့်က လိဂ် (၂)ကလပ် ချိုင်းနတ်အသင်းတို့ကို လာမယ့်ရာသီမှာ ပြောင်းရွှေ့ကစားသွားမှာဖြစ်ပါတယ်။


ဒီဘက်ပိုင်းနှစ်တွေမှာတော့ ထိုင်းပရီးမီးယားလိဂ်ကို မြန်မာကစားသမားတွေ ပြောင်းရွှေ့ကစားမှုက ပိုမိုပြီးတော့ မြင့်တက်လာခဲ့ပါတယ်။ လာမယ့်ရာသီမှာလည်း ထိုင်းလိဂ်အသီးသီးမှာ ကစားမယ့် မြန်မာကစားသမားတွေရှိနေပြီး ဆောင်လမန်၊ မြတ်ကောင်းခန့် နဲ့ ဇော်မင်းထွန်းတို့ကတော့ အသင်းသစ်တွေနဲ့ စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကာ အောင်သူနဲ့ ကျော်ကိုကိုတို့ကတော့ အသင်းသစ်ရှာဖွေနေဆဲလည်းဖြစ်ပါတယ်။

ထိုင်းပရီးမီးယားလိဂ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့်လည်း အသင်းမပြောင်းရွှေ့ဖြစ်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်ကွင်းလယ်ကစားသမား မောင်မောင်လွင်ကတော့ သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ ထိုင်းလိဂ်ကို ပြောင်းရွှေ့ဖြစ်မယ်ဆိုရင်တော့ လိဂ်(၁) ကိုသာ ပြောင်းရွှေ့မယ်လို့ ဆိုခဲ့ပြီး လိဂ် (၁) မဟုတ်ပါက ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ Duwun Sports နဲ့ တွေ့ဆုံခဲ့စဉ်မှာ ဖြေဆိုခဲ့ပါတယ်။

လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်တဲ့ ဆောင်လမန်ကတော့ လိဂ် (၃) ကလပ် မြောင်ကန်ယူနိုက်တက်၊ ယူ၂၂ကစားသမားဖြစ်တဲ့ မြတ်ကောင်းခန့်က လိဂ် (၂)ကလပ် ချိုင်းနတ်အသင်းတို့ကို လာမယ့်ရာသီမှာ ပြောင်းရွှေ့ကစားသွားမှာဖြစ်ပါတယ်။ လက်ရွေးစင်အဆင့်ကစားသမားတစ်ဦးအနေနဲ့ရော၊ နေရှင်နယ်လိဂ်ကစားသမားတစ်ဦးအနေနဲ့ လိဂ် (၁)မှာ မကစားရဘူးဆိုရင်တော့ မျှတမှုမရှိဘူးလို့လည်း မောင်မောင်လွင်က ယုံကြည်နေပါတယ်။

"ထိုင်းလိဂ် (၂)မှာ ကစားတယ်ဆိုတာတော့ ကျွန်တော်တို့နိုင်ငံအတွက် အများကြီးမကောင်းဘူး၊ မကောင်းဘူးဆိုတာက လိဂ်ပုံရိပ်ကျတယ်၊ ကိုယ်တွေဆီက ဒေါင်ဒေါင်မြည်ကစားသမားက လိဂ် (၂)၊ လိဂ် (၃)မှာ ကစားရတယ်ဆိုတာက မျှတမှုမရှိဘူးလို့ ထင်ပါတယ်၊ ကျွန်တော့် ကိုယ်ပိုင်စိတ်နဲ့ သေချာဆုံးဖြတ်မယ်၊ ရှေ့နှစ်မှာ အသင်းပြောင်းဖြစ်မယ်ဆိုရင်လည်း လိဂ် (၁)မှ မဟုတ်ရင် မပြောင်းဘူး" လို့ မောင်မောင်လွင်က ပြောဆိုခဲ့ပါတယ်။


ပြည်ပထွက်ကစားမယ့် ကစားသမားတွေနဲ့ ပတ်သက်ပြီးလည်း မောင်မောင်လွင်က သူ့ရဲ့အမြင်ကို ပြောဆိုခဲ့ရာမှာ "ကျွန်တော်တို့ဆီက ကစားသမားတွေက ဘောလုံးပညာပိုင်းမနိမ့်ပါဘူး၊ ကြံ့ခိုင်မှုပိုင်းကိုပဲ သေချာပြင်ဆင်ရမှာပါ၊ ဘောလုံးစကေးလ်ပိုင်းမှာတော့ သူတို့ထက် မနိမ့်ပါဘူး၊ ဒီအတွက် ကြံ့ခိုင်မှုအပိုင်းကိုပဲ ပိုပြီးတော့ ပြင်ဆင်ရမယ်လို့ ထင်ပါတယ်" လို့ ဖွင့်ဟသွားခဲ့ပါတယ်။


က္က