ထိုင်းလိဂ် အပြောင်းအရွှေ့စျေးကွက်ဖွင့်လှစ်ပါက အသင်းသစ်အချို့ရဲ့ကမ်းလှမ်းမှုကို မျှော်လင့်နေပါတယ်။
Win Kyaw Min

၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ တတိယရခဲ့တဲ့ မြန်မာယူ-၂၂ အသင်းရဲ့ အဓိကကွင်းလယ်ကစားသမားဖြစ်ခဲ့ သူ မြတ်ကောင်းခန့်အနေနဲ့ ထိုင်းအသင်းအများစုရဲ့ စိတ်ဝင်စားခြင်းကိုခံခဲ့ရ သူ ပါ။ ထိုင်းလိဂ်-၁ အသင်းအချို့ရဲ့ စိတ်ဝင်စားခြင်းကိုခံခဲ့ရပေမယ့် ပွဲထွက်ကစားခွင့်အာမခံချက်ရရှိမယ့် လိဂ်-၂ ကလပ်ကို ရွေးချယ်ခဲ့သူလည်းဖြစ် ပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးပျံ့နှံ့ခဲ့တဲ့ COVID-19 ကြောင့် ဘဏ္ဍာရေးလိုအပ်ချက်ရှိလာတဲ့ ချိုင်းနက်စ်အသင်း ရဲ့အခြေအနေကြောင့် စာချုပ်ဖျက်သိမ်းဖို့ ဖြစ်လာပါတယ်။ ချိုင်းနက်စ်အသင်းနဲ့လမ်းခွဲခဲ့ခြင်းရဲ့ နောက်ကွယ်က အခြေအနေအချို့နဲ့ ပတ်သက်ပြီး မြတ်ကောင်းခန့်နဲ့ သီးသန့်အင်တာဗျူးအစီအစဉ်ကို DuwunSports ပရိသတ် တွေအတွက် တင်ဆင်ပေးလိုက်ပါတယ်။

DuwunSports: စာချုပ်ဖျက်သိမ်းဖို့အသင်းဘက်က ဘယ်လိုဆက်သွယ်လာလဲ။

MKK : Covid-19 ဖြစ်နေတဲ့အချိန် ကျွန်တော်ကလည်း မြန်မာနိုင်ငံကို ဗီဇာလုပ်ဖို့ ခဏပြန် ရောက်နေတဲ့အချိန်နဲ့သွား တိုက်နေတော့ အသင်းနဲ့ပြန်ပူးပေါင်းဖို့ ကြာသွားတာပေါ့။ ပြီးတော့ သူတို့လိဂ်ကလည်း နောက်မှပြန်စမယ်ဆို တော့ စာချုပ်ဖျက်သိမ်းပေးဖို့ တောင်းဆိုလာတာနဲ့ ကျွန်တော်လည်း လက်ခံလိုက်တာပါ။ ဒီကာလမှာသူတို့ ကလည်း လစာမြင့်တဲ့ကစားသမားတွေကို လျော့ချတဲ့အခြေအနေပါ။


DuwunSports: ဗီဇာကြောင့်မဟုတ်ဘဲ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့်လို့သိထား ရတဲ့အပေါ် ပြောပေးပါဦး။

MKK : ဘဏ္ဍာရေးအခြေအနေကြောင့်လည်း ပြောလို့ရပါတယ်။ သူတို့အနေနဲ့ Covid-19 ကြောင့် ဘဏ္ဍာရေးလည်း နည်းနည်းလျှော့ချလိုက်တယ်။ အဓိက,ကတော့ ဗီဇာအခက်အခဲကြောင့်မဟုတ်ဘူး။ သူတို့ပြောသလို ဗီဇာအခက်အခဲကြောင့် ဆိုတာထက် သူ တို့ အသင်းတွေကလည်း COVID-19 ကာလဆိုတော့ ဘဏ္ဍာရေးလည်းပါတယ်။ သူတို့ဘက်လစာများများစား စားမတတ်နိုင်တော့တာလည်းပါတယ်။ ဗီဇာအခက်အခဲကတော့ အဓိကပြဿနာမဟုတ်ဘူးလို့ ကျွန်တော်ထင် ပါတယ်။

PHOTO: Chainat Hornbill FC

DuwunSports: စာချုပ်မှာနစ်နာကြေးရဖို့ ထည့်ချုပ်ထားတာမျိုးရှိ ပါသလား။

MKK : စာချုပ်ဖျက်သိမ်းကြေးကတော့ ၃လစာပေးတယ်။ ကျွန်တော်ကလည်း တခြားလို ကြီးကြီးကျယ်ကျယ်ကြီးမလုပ် တော့ဘဲ နှစ်ဦးသဘောတူခဲ့တာပါ။ လစာကတော့ ဘတ် တစ်သိန်းနဲ့ ၉သောင်းကြား ချုပ်ထားတာပါ။ ဘဏ္ဍာရေးအခြေအနေကြောင့်လည်း ပြောလို့ရပါတယ်။ သူတို့အနေနဲ့ Covid-19 ကြာင့် ဘဏ္ဍာရေးလည်း နည်းနည်းလျှော့ချလိုက်တယ်။ ကစားနည်းနည်းလျှော့ချပစ်လိုက်တာပါ။ အသင်းအနေနဲ့ ကျွန်တော်အပါအ ဝင် ၆ယောက် ရယောက်လောက်ဖြုတ်လိုက်တာပါ။


DuwunSports: လက်ရှိမှာ အသင်းလက်မဲ့ဆိုတော့ အနာဂတ်အစီအစဉ်က ဘာဖြစ်မလဲ

MKK :ထိုင်းလိဂ်ကတော့ ၆လပိုင်းနဲ့ ရလပိုင်းလောက်မှာ Transfer Markt ပြန်စမယ်လို့တော့ပြောတယ်။ အဲ့ဒီ Market မှာ ကျွန်တော်ရဲ့ အေးဂျင့်ဆီကို လာပြီးဆက်သွယ်မယ်ဆိုရင်လည်း ထိုင်းလိဂ်မှာ ပြန်ကန်မယ်ပေါ့။ ဒါမှမဟုတ် ဘူးဆိုရင်လည်း မြန်မာလိဂ်ကို ပြန်ရောက်ဖို့လည်းရှိတယ်။

PHOTO: Chainat Hornbill FC

DuwunSports: ပြောင်းချင်တဲ့အသင်းတွေကို အေးဂျင့်ဆီတောင်းဆိုထားတာများရှိမလား၊ MNLမှာပဲဆက်ကစားမလား။

MKK :အေးဂျင့်ဆီကိုတောင်းဆိုထားတာတော့မရှိပါဘူး။ အေးဂျင့်ဆီကို Offer လုပ်မှပဲ ကျွန်တော်ပြောင်းလို့ရမှာပါ။ ကျွန်တော်ကတော့ ဘာပဲပြောပြောထိုင်းလိဂ်မှာပဲ ပြန်ကစားချင်တာပေါ့။ အစ်ကိုတို့သိတဲ့အတိုင်းပဲ လိဂ်အနေ အထားရော ကွာဟတယ်လေ။



Author

  • Win Kyaw Min

က္က