ဝါဒါဘရီမင်အသင်းရဲ့ ပွဲစဉ်တစ်ပွဲကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ထားပါတယ်။

အင်တာမီလန်နဲ့ ဆန်းဒါးလန်းအသင်းတို့က ရန်ကုန်ယူနိုက်တက်အသင်းနဲ့ မိတ်ဖက်ပြုလုပ်ဖို့ လာရောက်ညှိနှိုင်းခဲ့ပေမယ့်လည်း မိတ်ဖက်ပြုလုပ်နိုင်ခြင်းမရှိခဲ့ဘဲ ဝါဒါဘရီမင်က ပထမဆုံး ဥရောပမိတ်ဖက်အသင်း ဖြစ်လာမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဂျာမနီ ဘွန်ဒက်လီဂါကလပ် ဝါဒါဘရီမင်အသင်းအနေနဲ့ မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ မိတ်ဖက်အသင်းပြုလုပ်လိုတဲ့အကြောင်း အီးမေးလ်ကနေ ဆက်သွယ်အကြောင်းကြားထားတယ်လို့ ရန်ကုန်ယူနိုက်တက်အသင်း ကော်မာရှယ်မန်နေဂျာ ဦးမျိုးမြင့်သောင်းက DuwunSports ကို ပြောပါတယ်။



“ကျွန်တော်တို့ ရန်ကုန်ယူနိုက်တက်အသင်း တရားဝင်အီးမေးလ်ကို ဆက်သွယ်ကမ်းလှမ်းလာတာပါ။ ကနဦး ကမ်းလှမ်းချက်အရ သူတို့ဖက်က မိတ်ဖက်အသင်းပြုလုပ်ချင်တယ်လို့ပဲ သိထားပါတယ်။ သူတို့ဖက်ကလည်း စိတ်ဝင်စားမယ်ဆိုရင် သူတို့ ဝါဒါဘရီမင်အသင်းရဲ့ ပွဲစဉ်တစ်ပွဲလောက်ကို လာရောက်အားပေးကြည့်ရှုဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒါကို အသင်းဥက္ကဌထံတင်ပြထားပြီး ညွှန်ကြားမှုကို စောင့်နေပါတယ်။” လို့ ဦးမျိုးမြင့်သောင်းက ပြောတာပါ။

အခုလို ရန်ကုန်ယူနိုက်တက်အသင်းကို ဝါဒါဘရီမင်အသင်း ဆက်သွယ်လာဖြစ်တာကလည်း ၂၀၁၈ ခုနှစ် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းမှာ နည်းပြချုပ် အန်တိုနီဟေးနဲ့အတူ ဂိုးနည်းပြအဖြစ် တွဲဖက်လုပ်ဆောင်ခဲ့တဲ့ ဂျာမနီလူမျိုး ကာစတန်ဟဲလ်ဇော့ဆီကနေတဆင့် အဆက်အသွယ်ရရှိလာတာလို့လည်း သိရပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းကို အရင်က ဥရောပမှ အင်တာမီလန်၊ ဆန်းဒါးလန်း အစရှိတဲ့ အသင်းတွေက မိတ်ဖက်ပြုလုပ်ဖို့ လာခဲ့ကြသေးပေမယ့် မိတ်ဖက်ပြုလုပ်ထားခြင်းတော့ မရှိပါဘူး။

အခုတစ်ကြိမ် ဝါဒါဘရီမင်အသင်းရဲ့ ဆက်သွယ်ကမ်းလှမ်းလာမှုမှာ မိတ်ဖက်ဆောင်ရွက်ဖြစ်မယ်ဆိုရင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတစ်သင်းအနေနဲ့ ဥရောပကလပ်အသင်းနဲ့ ပထမဆုံး မိတ်ဖက်အသင်း ပြုလုပ်နိုင်မှုဖြစ်လာမှာပါ။

ဝါဒါဘရီမင်က အခုနှစ်ဘောလုံးရာသီ ဂျာမန်ဘွန်ဒက်လီဂါမှာ အဆင့် ၉ နေရာကနေ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး တစ်ချိန်က နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ကလိုဆေး၊ အိုလ်ဇေး၊ ပီဇာရို၊ ဒီယေဂို၊ ဒီဘရိုင်း အစရှိတဲ့ ကမ္ဘာကျော် ဘောလုံးသမားများစွာ ထွက်ပေါ်ခဲ့တဲ့အသင်လည်းး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က