ဧပြီ ၆ ရက်နေ့ ရွေးချယ်မယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

ဦးဇော်ဇော်အနေနဲ့ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ ရာထူးကိုလည်း သက်တမ်း နှစ်ကြိမ်ဆက် ရွေးချယ် ခံခဲ့ရတာ ဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ ရာထူးကတော့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် တာဝန်ကြီးတစ်ရပ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။



ဂျပန်ဘောလုံးအဖွဲ့ချုပ်နဲ့တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်တို့ကလည်း အာရှဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ နေရာအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးဇော်ဇော်ကိုသာ အားပေးထောက်ခံသွားမယ်ဆိုတဲ့အကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်လာပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရာထူးနဲ့ ဒု-ဥက္ကဌ ရာထူးတွေကို လာမယ့် ဧပြီလ ၆ ရက်နေ့မှာ ရွေးချယ်တင် မြှောက်သွားမှာ ဖြစ်ပါတယ်။

အခုလို ဂျပန်နဲ့ တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်တွေကို အာရှဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ နေရာအတွက် ဦးဇော်ဇော်ကိုသာ အားပေးထောက်ခံမယ်ဆိုတဲ့အကြောင်းကိုလည်း သဝဏ်လွှာပေးပို့ အကြောင်းကြားလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ ရာထူးအတွက် ဦးဇော်ဇော်နဲ့အတူ ဆန်ကာတင်စာရင်းမှာ အပြိုင်ဖြစ်နေတာ ကတော့ ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ နဲ့ မလေးရှားဘောလုံးအဖွဲ့ချုပ် ဥက္ကဌ တို့ ဖြစ်ပေမယ့် မလေးရှား ဘောလုံးအဖွဲ့ချုပ် ဥက္ကဌက ဆန်ကာတင်စာရင်းက ပြန်လည်နှုတ်ထွက်သွားတဲ့အပြင် ဒု-ဥက္ကဌ ရာထူးအတွက်လည်း ဦးဇော်ဇော်ကိုသာ ထောက်ခံသွားမယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ထားတာ သိရပါတယ်။

ဒါကြောင့် ဦးဇော်ဇော်အနေနဲ့ အာရှဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ ရာထူးအတွက်ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ ထရွမ်ကွမ်သောင်းနဲ့ အပြိုင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က