ရှမ်းက ၄-၂နဲ့ အနိုင်ရခဲ့တာပါ။

ရှမ်းအသင်းက ဟံသာဝတီကို အနိုင်ရလိုက်ပေမယ့် ရမှတ် ၄မှတ်ကွာဟနေသေးပြီး အဆင့် ၃နေရာက ရမှတ်တူ ရန်ကုန်အသင်းရဲ့အောက် ဂိုးကွာခြားချက်ကြောင့် အဆင့် ၄မှာသာ ဆက်လက်ရပ်တည်နေဆဲပါ။

လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက အမှတ်ပေးဇယားထိပ်ဆုံးက ဟံသာဝတီကို ၄-၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ကာကွယ်ဖို့ ဖိအားပေးနိုင်ခဲ့ပါတယ်။



ဒါပေမယ့်လည်း ဟံသာဝတီကို အနိုင်ရခဲ့တဲ့ပွဲဟာ ကောင်းလို့နိုင်တာမဟုတ်ပဲ မကောင်းတာတွေ အများကြီးရှိ ကြောင်းနဲ့ မကောင်းတာတွေကို ကောင်းအောင် ဆက်လက်ပြင်ဆင်ဖို့ လိုကြောင်း ရှမ်းနည်းပြချုပ် ဦးအောင်နိုင် က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ချန်ပီယံ ကာကွယ်ဖို့ ကျွန်တော်တို့အလုပ်ဆိုပေမယ့် တစ်ပွဲချင်း အလုပ်လုပ်နေပါတယ်။အသင်းမှာ ကောင်းတာ တွေရှိသလို မကောင်းတာတွေလည်း အများကြီးရှိတယ်၊နည်းအောင် ထပ်လုပ်ရမှာပါ။ ကောင်းလို့နိုင်တာ မဟုတ် ပါဘူး။မကောင်းတာတွေ အများကြီး ရှိသေးတယ်။မကောင်းတာကို ကောင်းတဲ့ဖက်ရောက်အောင် သွန်သင် သွားမယ်။” လို့ ဦးအောင်နိုင်က ပြောခဲ့ပါတယ်။


ရှမ်းအသင်းအနေနဲ့ ဟံသာဝတီယူနိုက်တက်အသင်းကို အနိုင်ရလိုက်ပေမယ့် အဆင့် ၃နေရာက ရန်ကုန်အသင်း ကလည်း နိုင်ပွဲဆက်နေလို့ အဆင့် ၄နေရာမှာသာ ဆက်လက်ရပ်တည်နေပါတယ်။

“လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်တယ်လို့ ပြောတာထက် ကျွန်တော်တို့ အလုပ်ကျွန်တော်တို့ လုပ်တယ်။ကျွန် တော်တို့အနေနဲ့ ပွဲကစားရတာ ရက်ကပ်လာလို့ ကစားသမားတွေ ပင်ပန်းပြီး ဒဏ်ရာရလာတာတွေ ရှိလာပါ တယ်။ အဓိကကတော့ ကျွန်တော်က ၃မှတ်ပဲ ဂရုစိုက်ပါတယ်။ဂိုးများလည်း ရင်မခုန်ပါဘူး။ များလည်း ၆မှတ် မရပါဘူး။အရေးကြီးတာ ၃မှတ်ပါပဲ။”လို့ ဦးအောင်နိုင်က ဆက်လက်ပြောခဲ့ပါတယ်။

ရှမ်းအသင်းကတော့ လာမယ့်၁၁ရက်နေ့မှာ မကွေးအသင်းနဲ့ ဆက်လက်ကစားရဖို့ရှိနေပြီး ဟံသာဝတီ အသင်းက စစ်ကိုင်းအသင်းနဲ့ ကစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က