နှစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။

ရတနာပုံ ၂-၃ ဧရာဝတီယူနိုက်တက်ပွဲစဥ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ကျော်ဇင်လွင်၊ စည်သူအောင်နှင့် အောင်ဝဏ္ဏစိုး တို့ ၃ဦးကို ၂ပွဲပယ်နဲ့ ဒဏ်ငွေ ၂သိန်းစီ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ မြန်မာနေရှင်လိဂ်ကော်မတီက သတင်းထုတ် ပြန်လာပါတယ်။

အဆိုပါ ကစားသမား ၃ဦးမှာ ပြီးခဲ့တဲ့ ပွဲစဥ် ၁၄တုန်းကရတနာပုံနဲ့ဧရာဝတီတို့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပွဲရဲ့ ၈၉ မိနစ်မှာ အချင်းများပြီး ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။



အဆိုပါ ဖြစ်ရပ်ကြောင့် ကွင်းလယ်ဒိုင်လူကြီးက ၃ဦးစလုံးကို အနီကဒ်ပြပြီး ထုတ်ပယ်ခဲ့သလို လက်ရှိမှာလည်း လိဂ်ကော်မတီ အစည်းအဝေးက အနီးစပ်ဆုံး ၂ပွဲနဲ့ ငွေကျပ် ၂သိန်းစီ ဒဏ်ရိုက်လိုက်တာပါ။

မြန်မာနေရှင်နယ်လိဂ်မှာတော့ ကစးသမားများ ခိုက်ရန်ဖြစ်ပွားပါကလည်းကောင်း၊ဒိုင်လူကြီးအား ဥပဒေပ စောဒဂ တက်ပါကလည်းကောင်း၊ပွဲပယ်နဲ့ ငွေဒဏ်များ မကြာခဏ ချမှတ်လေ့ရှိပါတယ်။

ယခုလို ပွဲပယ်ခံရတဲ့ ရတနာပုံ ကစားသမားတွေအနေနဲ့  ရတနာပုံအသင်းရဲ့ ရှေ့လာမယ့် ရခိုင်၊ဆောက်သမ်းမြန် မာအသင်းတို့ပွဲစဥ်တွေကို လွဲချော်မှာ ဖြစ်ပြီး နဂိုကတည်းက ဒဏ်ရာရ ကစားသမားများနေတဲ့ ရတနာပုံအတွက် နောက်ထပ် နစ်နာစရာ ဖြစ်လာပါတယ်။

ကျော်ဇင်လွင်လည်း ဧရာဝတီအသင်းရဲ့ အား/ကာသိပ္ပံ၊စစ်ကိုင်းအသင်းတို့နဲ့ ပွဲစဥ်ကို လွဲချော်ရမှာ ဖြစ်ပြီး ဧရာဝတီ အသင်းအတွက်တော့ အားထားရတဲ့ ညာနောက်ခံလူတစ်ဦး မပါဝင်တာကြောင့် ချန်ပီယံဆုအတွက် တိုက်ပွဲမှာ အနည်းငယ် အားလျော့ဖွယ်ရှိနေပါတယ်။

မနက်ဖြန်စက်တင်ဘာ ၁၁ရက်နေ့ မှာတော့ မြန်မာနေရှင်နယ်လိဂ် ပွဲစဥ် ၁၅အဖြစ် စစ်ကိုင်း-ဟံသာဝတီ၊ရှမ်း-မကွေး၊ရတနာပုံ-ရခိုင် အသင်းတို့ ကစားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က