အဆိုပါပရိသတ်ကို ပြစ်ဒဏ်ချမှတ်သွားမှာလို့သိရပါတယ်။

AFC ဆိုရင် အနည်းဆုံး ၃၀၀၀ ဒဏ်ရိုက်ပေမယ့် ဖီဖာက အေအက်ဖ်စီထက် ပိုမို ပြစ်ဒဏ်ပြင်းတာကြောင့် ပိုပေးရနိုင်တယ်လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

မနေ့က ကစားသွားတဲ့ မြန်မာဝ-၂ ဂျပန် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့၂၀၂၃ အာရှဖလာား ခြေစစ်ပွဲစဉ်မှာ ပွဲကစားနေစဉ်အတွင်း ကွင်းထဲဝင်လာတဲ့ မြန်မာပရိသတ်တစ်ဦးကြောင့် ဖီဖာက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကို သေချာပေါက် ဒဏ်ရိုက်တော့မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကို သိန်းက DuwunSportsကိုပြောပါတယ်။



သေချာတာကတော့ ဒဏ်ရိုက်ခံရပါတော့မယ်၊တိုက်ရိုက် ဒဏ်ငွေရိုက်မလား၊ထုချေလွှာတင်ခွင့်ပေးမလားဆို တာကတော့ ပွဲမှာတာဝန်ယူခဲ့တဲ့ MCရဲ့ ရီပို့စ်အပေါ်မှာ မူတည်ပါတယ်။သူကတော့ ဒီဖြစ်စဉ်ကို ရီပို့စ်ရေးတင် ထားတယ်လို့ ပြောပါတယ်။ဒါကြောင့် အနည်းနဲ့အများတော့ ဒဏ်ရိုက်ခံရပါတော့မယ်။” လို့ ဦးကိုကိုသိန်းက  ပြောပါတယ်။

အခုလို ပရိသတ် ကွင်းအတွင်း ကျူးကျော်ဝင်ရောက်လာမှုဖြစ်စဉ်ကို လာမယ့် အိမ်ကွင်းပွဲစဉ်တွေမှာ ထပ်မံ ဖြစ်ပွားခဲ့မယ်ဆိုရင် အဖွဲ့ချုပ်အနေနဲ့ ပိုမိုကြီးမားတဲ့ ပြစ်ဒဏ်တွေ ထပ်မံ ကျခံရဖွယ်ရှိနေပြီလို့လည်း သိရ ပါတယ်။

“ နောက်ဆိုရင်တော့ မလုပ်ဖို့လိုပါတယ်၊အခုလိုလုပ်တော့ AFC ဆိုရင်အနည်းဆုံး ဒေါ်လာ ၃၀၀၀လောက်ပေး ရမှာပါ၊ ဖီဖာကတော့ အဲ့ထက် ပိုများနိုင်ပါတယ်။ဘာပဲ ဖြစ်ဖြစ် ကွင်းထဲ လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ် တွေကို ကျေးဇူးတင်ပါတယ်။” လို့ ဦးကိုကိုသိန်းက ဆက်လက်ပြောပါတယ်။


ကွင်းအတွင်းကျူးကျော်ဝင်ရောက်ခဲ့တဲ့ ပရိသတ်ကိုဘယ်လိုအရေးယူဆောင်ရွက်သွားမလဲဆိုတဲ့ သတင်းကိုတော့ မကြာခင် ဆက်လက်ထုတ်ပြန်ပေးနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။



က္က