၁၃-၃ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

မြန်မာအသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲအဖြစ် ထိုင်းအသင်းနဲ့ မနက်ဖြန်(အောက်တိုဘာ ၂၃)မှာ ဆက်လက် ယှဉ်ပြိုင်ကစားရပါမယ်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားဘောလုံးအသင်းကတော့ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်း ပနေတဲ့ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ၂၀၁၉ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။





မနေ့က အုပ်စုအဖွင့်ပွဲအဖြစ် အရှေ့တီမောအသင်းနဲ့ စတင်ကစားခဲ့ရပြီး ၆-၁ ဂိုးနဲ့ အနိုင်ရကာ ဒီကနေ့မှာတော့ ကမ္ဘောဒီးယားအသင်းကို ၁၃-၃ ဂိုးနဲ့ ထပ်မံ အနိုင်ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ် ပြန်လာပါတယ်။

မြန်မာအသင်းအနေနဲ့ အုပ်စုတွင်းမှာ ထိုင်း၊အရှေ့တီမော၊ကမ္ဘောဒီးယားအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေလို့ မနက်ဖြန်(အောက်တိုဘာ ၂၃)မှာ ထိုင်းအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲ ကစားရပါမယ်။

ထိုင်းအသင်းက အရှေ့တီမောအသင်းနဲ့ မကစားရသေးလို့ လက်ရှိမှာ မြန်မာက နှစ်ပွဲနိုင်ထားကာ ထိုင်းအသင်းက တစ်ပွဲနိုင်ထားပါတယ်။

မြန်မာအသင်းအနေနဲ့ အာဆီယံဖူဆယ်ချန်ပီယံရှစ်ကို နှစ်စဉ်နှစ်တိုင်း ပါဝင်ဆင်နွှဲနေပြီး အမြင့်ဆုံး အောင်မြင်မှု အဖြစ် ၂၀၁၆ ခုနှစ်မှာ ဗိုလ်လုပွဲတစ်ကြိမ် တက်လှမ်းဖူးကာ ဒုတိယနေရာရခဲ့ပြီး ၂၀၀၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ တတိယနှစ်ကြိမ် ရရှိထားဖူးပါတယ်။



က္က