မြန်မာယူ-၁၆အသင်းအနေနဲ့ လာမယ့်သြဂုတ် ၁၄ကနေ ၁၈ရက်အထိ AFC-UEFA Assist ယူ-၁၆ ပြိုင် ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတာပါ။
PHOTO : MFF
မန္တလေးမြို့မှာကျင်းပမယ့် AFC-UEFA Assist ယူ-၁၆ ပြိုင်ပွဲကစားဖို့ရှိနေတဲ့ မြန်မာယူ-၁၆နည်းပြချု ပ် ဦးမင်းသူက လူငယ်ကစားသမားတွေဖြစ်တဲ့အတွက် အတွေ့အကြုံပိုင်းလိုအပ်နေချိန်မှာ ကြိုးစားအား ထုတ်မှုတွေကို အသိအမှတ်ပြုပေးဖို့လိုအပ်တယ်လို့ ပရိသတ်ကို တောင်းဆိုလိုက်ပါတယ်။
မြန်မာယူ-၁၆ အသင်းဟာ ပြီးခဲ့တဲ့ အာဆီယံယူ-၁၅ ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရပြီး အုပ်စုအ ဆင့်ကနေလှည့်ပြန်ခဲ့ရတဲ့အတွက် ပရိသတ်အချို့ရဲ့ဝေဖန်မှုကိုရင်ဆိုင်နေရတာဖြစ်လို့ နည်းပြချုပ်ဦး မင်းသူက အခုလိုတောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။
“ ပြင်ဆင်ချိန်ကတော့ အလွန်နည်းပါတယ်။ ကစားသမားတွေက အကယ်ဒမီထွက်ဖြစ်တဲ့အတွက် အ တွေ့အကြုံပိုင်းနုနယ်ပါသေးတယ်။ လိုအပ်ချက်တွေရှိနေသေးသလို စိတ်ဓါတ်ပိုင်း၊ ကြံ့ခိုင်မှုပိုင်းေ တွ အတွက် ပြင်ဆင်ရဦးမှာပါ။ တစ်ခုရှိတာက ပရိသတ်တွေအနေနဲ့ရလဒ်ဆိုတာထက်ကလေးတွေရဲ့ကြိုး စားအားထုတ်မှုတွေကို အသိအမှတ်ပြု အားပေးစေချင်ပါတယ်” လို့ နည်းပြချုပ်ဦးမင်း သူက ပြိုင်ပွဲ အကြို သတင်းစာရှင်းလင်းပွဲမှာ ဆိုခဲ့ပါတယ်။
PHOTO : MFF
မြန်မာယူ-၁၆အသင်းအနေနဲ့ AFC-UEFA Assist ယူ-၁၆ ပြိုင်ပွဲမှာ အင်ဒိုနီးရှားယူ-၁၆၊ တောင်ကိုရီး ယားယူ-၁၆၊ ဆားဘီးယားယူ-၁၆တို့နဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး လာမယ့်သြဂုတ် ၁၄၊ ၁၆၊ ၁၈ရက်များ တွင် ယှဉ်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။
ဖိတ်ခေါ်ခြေစမ်းပွဲကစားမယ့် မြန်မာယူ-၁၆ အသင်းအနေနဲ့ ပြိုင်ပွဲအပြီးတွင် ၂၀၂၀အာရှယူ-၁၆ ခြေ စစ်ပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင်ရဖို့ရှိနေပြီး လာမယ့်စက်တင်ဘာလမှာ တောင်ကိုရီးယား၊ ထိုင်း၊ တရု တ်(တိုင်ပေ)တို့နဲ့ ကစားရဖို့ရှိနေတာပါ။