ကွင်းလယ်လူ မြတ်ကောင်းခန့်ကတော့ ထိုင်းလိဂ်-၂ကလပ် ချိုင်းနတ်အသင်းကို ရောက်ရှိသွားခဲ့ပါပြီ။

ထိုင်းလိဂ်-၁ကလပ်က အငှားကြေး ဘတ်၂ သိန်း ကစားသမားအတွက် ကနဦးလစာ ဘတ် ၁သိန်းနဲ့ ကမ်းလှမ်းခဲ့ တာလို့သိရပါတယ်။

ထိုင်းလိဂ်-၁ ကလပ် အသင်းတစ်သင်းက အောင်ကောင်းမာန်ကို ဘတ် တစ်သိန်းထိပေးပြီး ဧရာဝတီအသင်းထံ တရားဝင် ကမ်းလှမ်းခဲ့ပေမယ့်လည်း အငှားပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်မပြေတာကြောင့် သွားရောက် မကစားဖြစ်တော့ဘူးလို့ သိရပါတယ်။



“အောင်ကောင်းမာန်ကို ထိုင်းလိဂ်-၁ကလပ်တစ်သင်းက ဘတ်တစ်သိန်းနဲ့ တရားဝင် ကမ်းလှမ်းခဲ့ပါတယ်။ အငှားကြေး ၂ သိန်းပေးပြီး ကမ်းလှမ်းတယ်၊ ၃ သိန်းထိ တိုးပေးဖို့ အဆင်သင့်ပဲ၊ကစားသမားအတွက် လစာ ကိုလည်း ဘတ် ၁ သိန်းထိပေးပြီး ကမ်းလှမ်းတယ် ညှိချင်ရင်လည်း ညှိပေးမယ်လို့ ပြောပြီး ကမ်းလှမ်းခဲ့တာ ပါ။ဒါပေမယ့် ကလပ်က မလွှတ်တော့ဘူးလို့ ပြန်ပြောလာလို့ ဘာမှ ဆက်မလုပ်ဖြစတော့ဘူး။”လို့ မြန်မာစ ပယ်ရှယ် အေးဂျင့် ကိုရဲနိုင်ဝင်းက DuwunSports ကိုပြောပါတယ်။

အောင်ကောင်းမာန်အနေနဲ့ ဆီးဂိမ်းမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းခဲ့တာကြောင့် ပြည်ပကလပ်တွေက ခေါ်ယူနိုင်ရေး ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့်ဧရာဝတီအသင်းက မစေလွှတ်ခဲ့တာကြောင့် ဒီနှစ်မှာတော့ ပြည်ပ ထွက် မကစားဖြစ်တော့တာပါ။

“ကျွန်တော်ကတော့ သွားချင်တာပေါ့။ဒါပေမယ့် ကလပ်က မစေလွှတ်တော့လည်း ဒီတစ်နှစ်တော့ ဒီမှာပဲ ကစားရမှာပေါ့။စာချုပ်ကတော့ ဒီနှစ်ပြီးရင်တော့ ပြည့်ပါပြီ။”လို့ အောင်ကောင်းမာန်က DuwunSports ကိုပြောပါတယ်။

အောင်ကောင်းမာန်နဲ့အတူ ဆီးဂိမ်းမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ မြတ်ကောင်းခန့်ကတော့ ထိုင်းလိဂ်-၂ကလပ် ချိုင်းနတ်အသင်းကို ရောက်ရှိသွားခဲ့ပါပြီ။

မြတ်ကောင်းခန့်အနေနဲ့ကတော့ ရတနာပုံ ကစားသမားဆိုပေမယ့် ရတနာပုံအသင်းနဲ့ စာချုပ်ပြည့်သွားခဲ့ပြီ ဖြစ်လို့ ချိုင်းနတ်အသင်းကို အလွတ်ပြောင်းရွှေ့နိုင်ခဲ့တာပါ။

မနှစ်က ထိုင်းလိဂ်မှာ ကစားခဲ့တဲ့ အောင်သူနဲ့ ကျော်ကိုကိုတို့ကတော့ ဒီနေ့အထိ အသင်းမရသေးပဲ ဆူခိုထိုင်းအသင်းမှာတော့ မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းနဲ့ ထိုင်းလိဂ်-၃ ကလပ် မြောင်ကန်မှာတော့ တိုက်စစ်မှူး ဆွမ်လန်မန်တို့ ကစားနေပါပြီ။

Share

Loading Next Article...
က္က