ဖိတ်ကြားထားဆဲလို့ သိရပါတယ်။

Wikipedia မှာတော့ အိုမန်၊ဘာရိန်းတို့နဲ့ ခြေစမ်းကစားမယ်လို့ ဖော်ပြနေပေမယ့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကတော့ အတည်မပြုပေးသေးပါဘူး။

မြန်မာ့လက်ရွေးစင်အသင်းနဲ့ ခြေစမ်းကစားဖို့ အာရှတိုက် အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ အိုမန်၊ဘာရိန်းတို့ကို ဖိတ်ခေါ်ထားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းရဲ့ ပြောပြချက် အရသိရပါတယ်။





မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းအနေနဲ့ လာမယ့် မတ်လက ပြန်လည်စတင်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ အာရှဖလားခြေစစ်ပွဲတွေကို ကစားဖို့ ရှိနေပြီး ခြေစစ်ပွဲတွေ မကစားခင် ဖေဖော်ဝါရီနဲ့ မတ်လ ဆန်းထဲမှာ ခြေစမ်းပွဲ၂ ပွဲ ကစားရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဥ်နေခြင်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဖိတ်ခေါ်ထားတဲ့ အသင်းတွေထဲမှာ အိုမန်နဲ့ဘာရိန်းလည်း ပါပါတယ်၊အာဆီယံထဲကဆိုရင် မလေး ရှားကိုလည်း ဖိတ်ခေါ်ခဲ့ပေမယ့် သူတို့ဖက်က အဆင်မပြေဘူးလို့ အကြောင်းပြန်လာပါတယ်။အခု‌ခြေစမ်းပွဲက ဖီဖာ အသိအမှတ်ပြု ‌ခြေစမ်းပွဲ ကာလမဟုတ်လို့ အသင်းတွေကို ချိတ်ဆက်ရာမှာ အခက်အခဲ အနည်းအငယ် ဖြစ်နေတာပါ။”လို့ ဦးကိုကိုသိန်းက ဆိုပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းနဲ့ ခြေစမ်းမယ့်အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အတိအကျ မထုတ်ပြန်နိုင် သေးပေမယ့် Wikipediaမှာတော့ မြန်မာအသင်းဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အိုမန်နဲ့လည်းကောင်း၊မတ်လ ၇ ရက်နေ့မှာတော့ ဘာရိန်းအသင်းနဲ့ ဆက်လက်ခြေစမ်းမယ်လို့ ဖော်ပြနေတာ တွေ့ရပါတယ်။

အဲ့ဒါပြီးရင်တော့ ခြေစစ်ပွဲ အဖြစ် ဂျပန်အသင်းနဲ့ မတ်လ ၂၆ ရက်နေ့မှာလည်းကောင်း၊၃၁ ရက်နေ့မှာ ကာဂျစ္စတန် နဲ့လည်းကောင်း၊အသီးသီး ဆက်လက် ကစားရမှာပါ။

Share

Loading Next Article...
က္က