မွန်ဂိုလီးယားနဲ့မြန်မာအသင်းတို့ရဲ့ ပွဲစဉ်ကိုတိုက်ရိုက်ကြည့်ရှု့ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။

မွန်ဂိုလီးယားအသင်းနဲ့မြန်မာအသင်းတို့ဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ်စက်တင်ဘာ၅ရက်  နေ့မှာယှဉ်ပြိုင်ကစားကြမှာပါ။

PHOTO : Youtube

ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် မွန်ဂိုလီးယားအသင်းနဲ့ရင်ဆိုင်ရမယ့်ကပွဲစဉ်အတွက် အသင့် ဖြစ်နေခဲ့သလိုယုံကြည်မှုအပြည့်ရှိနေပြီဖြစ်တယ်လို့ နည်းပြချုပ်ရာဂျူလိုဗစ်နဲ့ဂိုးသမား ကျော်ဇင်ထက် တို့ရဲ့ ဝန်ခံပြောဆိုမှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မြန်မာအသင်းဟာ အာရှဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အုပ်စု(စ)တွင် ဂျပန်၊ ကာဂျစ်ရီပတ်ဘလစ်၊ မွန် ဂိုလီယား၊ တာဂျစ်ကစ္စတန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေခဲ့ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မွန်ဂိုလီး ယားအသင်းကို ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။



“ပြိုင်ပွဲတစ်ပွဲရဲ့အဖွင့်ပွဲစဉ်တိုင်းက ခက်ခဲလေ့ရှိပါတယ်။ မွန်ဂိုမြေမှာမြန်မာအသင်းအရေးနိမ့်ခဲ့ဖူးတာကို လည်းသိထားပါတယ်။အခက်အခဲတွေရှိမှာပါ။ ဒါပေမဲ့ လက်ရှိမှာအသင်းရဲ့အခြေအနေက အများကြီး တိုးတက်ကွာခြားခဲ့ပြီဖြစ်သလို နိုင်ပွဲအတွက်လည်း ယုံကြည်မှုအပြည့်ရှိပါတယ် ” လို့ မြန်မာ့လက်ရွေး စ င်နည်းပြချုပ်ရာဂျူလိုဗစ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

မြန်မာအသင်းနဲ့မွန်ဂိုလီးယားအသင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားအာရှဇုန်ပထမအဆင့်ခြေစစ်ပွဲ တွင်ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး မွန်ဂိုလီးယားတွင်ကစားခဲ့စဉ်ကမြန်မာအသင်းရှုံးပွဲကြုံတွေ့ခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ်အရ မြန်မာအသင်းက ၁-၂ ဂိုးနဲ့အနိုင်ရရှိခဲ့ခြင်းနဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

PHOTO : MFF

ပွဲနဲ့ပတ်သက်ပြီး မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိကပွဲထွက်ဂိုးသမားဖြစ်တဲ့ ကျော်ဇင်ထက်ကလ ည်း ဝန်ခံပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး နည်းပြရဲ့ညွှန်ကြားမှုတွေကို လိုက်နာတဲ့အတွက် ယုံကြည်မှုပိုင်း အကောင်းဆုံးရှိနေသလို ပြိုင်ဘက်ကို လေးစားမှုနဲ့အကောင်းဆုံးရင်ဆိုင်သွားမှာပါလို့ ဆိုလိုက်ပါ တယ်။



က္က