ဒူးဒဏ်ရာက ၁၀၀ ရာခိုင်နှုန်း ‌‌သက်သာသွားပြီလို့ ဆိုပါတယ်။

နည်းပြက ငဲ့ပြီး မရဲတရဲ အသုံးပြုနေတာထက် ရဲရဲတင်းတင်းသုံးပြီး တစ်ခုခုဆိုရင်လည်း ကျွန်တော် ဆုံးဖြတ် ချက်ကို တိတိကျကျ ပြတ်ပြတ်သားသား ချလို့ရတာပေါ့လို့ငြိမ်းချမ်းအောင်က ဆိုပါတယ်။

ဒူးဒဏ်ရာကို ထိုင်းနိုင်ငံမှာ သွားရောက် ကုသခဲ့ရပြီး ကာလရှည် အနားယူနေခဲ့ရရာမှာ အခုဆိုရင် ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုနဲ့အတူ ရန်ကုန်အသင်းနဲ့ ပွဲတွေ ပြန်ကစားနေနိူင်ပြီလို့ ငြိမ်းချမ်းအောင်ကDuwunSports ကိုပြောပါတယ်။



“ ကျွန်တော့် ဒဏ်ရာအခြေအနေက ၁၀၀ ရာခိုင်နှုန်း ပြန်ကောင်းပြီး အခုဆိုရင် အသင်းနဲ့လည်း ပုံမှန်အတိုင်း လေ့ကျင့်ခန်းတွေရော ခြေစမ်းပွဲတွေရော ကစားနေနိုင်ပါပြီ။အစောပိုင်းတုန်းက ဒူးပြန်ထိမှာ စိုးရိမ်စိတ်တွေ ဖြစ်ခဲ့ ဖူးပေမယ့် အခုဆိုရင်တော့ မာမာထန်ထန် ရဲရဲတင်းတင်း ကစားနေနိူင်ပါပြီ။ပြန်ထိမှာလည်းမကြောက်တော့ဘူး။” လို့ ငြိမ်းချမ်းအောင်က ပြောပါတယ်။



ငြိမ်းချမ်းအောင်အနေနဲ့ ဒူးဒဏ်ရာရထားလို့ ရန်ကုန်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းကတော့ - “ ဒဏ်ရာရ သွားပြီးကတည်းက အခုချိန်ထိ သူ့ရဲ့ ခြေစွမ်းကို ၁၀၀ ရာခိုင်နှုန်း ကျွန်တောာ် အားမရသေးဘူး။ဘောလုံးတွေ လုတဲ့ အချိန်မှာ နည်းနည်းအားနည်းတယ်။ကျွန်တော်ကတော့ ဘောလုံးပျက်ရင် မာကင်ပဲ၊မာကင်ကို မလိုက်နိုင် ရင်တော့ ကျွန်တော်က လိုက်နိုင်တဲ့သူကို ဦးစားပေးတာပါ။ဒီလို လုပ်တာကကလည်း သူ့အတွက် ကျွန်တော်က တွေးပေးတာပါ၊သူ ပြန်ထိသွားရင် နောက်တစ်ကြိမ် ပြန်လာဖို့ မလွယ်တော့မှာကြောင့် ချိန်သုံးပေးနေတာပါ။” လို့ DuwunSports ကို ဖြေကြားပေးပါတယ်။

၂၀၁၅ အာရှ ယူ-၁၉ ပြိုင်ပွဲပြီးကတည်းက ဒူးဒဏ်ရာကြောင့် ခြေစွမ်းပိုင်း လျော့ကျခဲ့ရတဲ့ ငြိမ်းချမ်းအောင် အနေနဲ့ ပရိသတ်တွေ မျှော်လင့်တကြီး စောင့်ဆိုင်းနေတဲ့ အနာဂတ် ကွင်းလယ် ကစားမားတစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားအဖြစ်လည်း ပြန်လည် ရွေးချယ် ခြင်း မခံရသလို ကလပ်အသင်းမှာလည်း ပုံမှန် ပွဲထွက်ခွင့်ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

“ကျွန်တော် အခု ရာနှုန်းပြည့်ကောင်းနေပါပြီ။ကျွန်တော် ပြန်ထိမှာစိုးလို့ ကျွန်တော့်ကို ငဲ့ပြီး သုံးပေးနေမယ်ဆိုရင် ကျွန်တော့်အတွက် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်တော့ပါဘူး။ဒါကြောင့် ကျွန်တော်ကတော့ ကစားနိုင်ရင် သုံး ပေးပါ။မသုံးဘူးဆိုလည်း မသုံးပဲ သုံးမယ်ဆိုရင်လည်း ရဲရဲ တင်းတင်း သုံးပေးစေချင်ပါတယ်။တစ်ခုခုဆို ကျွန်တော် လည်း ဆုံးဖြတ်ချက် ချရတာ ပြတ်ပြတ်သားသား လုပ်လို့ရတာပေါ့။”လို့ ငြိမ်းချမ်းအောင်ကတော့ တောင်းဆိုလိုက် ပါတယ်။

ရန်ကုန်အသင်းကတော့ လာမယ့် ဇန်နဝါရီ ၅ ရက်နေ့မှာ ကွင်းဖွင့် ချာရတီဖလား ပွဲအဖြစ် ရှမ်းယူနိုက်တက်အ သင်းနဲ့ ကစားရဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က