မနေ့ကတော့ ၂ ပွဲကစားလိုက်ပါတယ်။

လိဂ်(၁)၊(၂)အပါအဝင် လူငယ်ပွဲတွေ အားလုံးကို ရပ်နားသွားမှာ ဖြစ်ပြီး ပြန်လည်ကျင်းပမယ့်ရက်ကို တစ်လကြို တင် အသိပေးသွားမယ်လို့သိရပါတယ်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူး ကျင်းပလျက်ရှိတဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဥ်အားလုံးကို ဒီနေ့မှ စတင်ပြီး ရပ်ဆိုင်းလိုက်ပြီလို့ မြန်မာနေရှင်နယ်လိဂ် ကော်မတီက သတင်းထုတ်ပြန်လာပါတယ်။



ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေမှုကြောင့် မြန်မာနေရှင်နယ်လိဂ်(၁)၊(၂)နဲ့ လူငယ်ပွဲတွေကို ကွင်းပိတ်ကစားစေခဲ့ရာမှာ အခုအခါ မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ ဦးပေါ်ထွက်လာတဲ့အတွက် ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“ဒီနေ့ကစပြီး ရပ်နားလိုက်ပါပြီ။ပြန်လည်စတင်ကျင်းပမယ့်ရက်ကို တစ်လကြိုတင် အကြောင်းကြားပေးပါ့မယ်။” လို့ လိဂ်စီအီးအို ဦးစိုးမိုးကျော်က DuwunSportsကို ပြောပါတယ်။

မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် (၁၀)ကို မနေ့က ကျင်းပခဲ့ရာမှာတော့ ဟံသာဝတီက ဇွဲကပင်ကို ၄-၂၊စစ်ကိုင်းကချင်းကို ၃-၁နဲ့ အသီးသီး နိုင်ခဲ့ကြပါတယ်။

ဒီနေ့မှာ ရန်ကုန်နဲ့မကွေး၊ရှမ်းနဲ့ဆောက်သမ်းတို့ ကစားဖို့ရှိနေပြီး မနက်ဖြန်မှာတော့ ရတနာပုံနဲ့ISPE အသင်းတို့ ကစားဖို့ ရှိနေတာပါ။

လူငယ်ပွဲတွေအားလုံးကိုလည်း တပြိုင်နက်တည်း ရပ်နားသွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ ဘောလုံးပွဲအားလုံး ရပ်နား သွားပြီ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ



က္က