ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၃ ခွဲမှာ ကစားမှာပါ။

ဇန်နဝါရီလ ၁၀ ရက်နေ့ညနေ ၃ နာရီခွဲမှာ စတင်ကစားမှာဖြစ်ပြီး ပရိသတ်တွေပိုမို လာရောက်အားပေးနိုင်ရန် ရည်ရွယ်ပြီး ကွင်းဝင်ကြေး အခမဲ့သတ်မှတ်ပေးရတာလို့ သိရပါတယ်။

မန္တလေးမှာကစားမယ့် ISPE နဲ့ ရှမ်းအသင်းတို့ရဲ့ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ကို ကွင်းဝင်ကြေး အခမဲ့ သတ်မှတ်လိုက်တယ်လို့ မြန်မာနေရှင်နယ်လိဂ်တရားဝင် လူမှုစာမျက်နှာမှာ ဖော်ပြလာပါတယ်။



ISPE အသင်းက ဒီနှစ်မှ လိဂ်-၂ကနေ တန်းတက်လာတဲ့အသင်းဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းကတော့ လိဂ်-၁ ရဲ့ လက်ရှိချန်ပီယံအဖြစ် ပွဲစဉ်(၁)မှာ ထိပ်တိုက်တွေ့နေတာပါ။

အခုပွဲကိုတော့ ISPE အသင်းက အိမ်ကွင်းအဖြစ် မန္တလာသီရီကွင်းကြီးကို အသုံးပြုခွင့်ရထားပြီး ပရိသတ်များစွာ လာရောက်အားပေးနိုင်ဖို့ ရည်ရွယ်ပြီး ကွင်းဝင်ကြေးကို အခမဲ့သတ်မှတ်ပေးလိုက်တာလို့လည်း မြန်မာနေရှင်နယ် လိဂ်က ဖော်ပြလာပါတယ်။

အားကစားနှင့်ကာယပညာသိပ္ပံ အသင်းတစ်သင်းဖြစ်တဲ့ ISPE အသင်းက လူငယ် ကစားသမားအများစုနဲ့ ပွဲထွက် လာဖို့ ရှိနေပြီး ရှမ်းယူနိုက်တက်အသင်းကတော့ လက်ရှိ ချန်ပီယံ ပီပီ တောင့်တင်းတဲ့ ကစားသမား အစုအဖွဲ့နဲ့ ပွဲထွက်လာဖို့ ရှိနေပါတယ်။

ဒီပွဲကိုတော့ ဇန်နဝါရီလ ၁၀ ရက်နေ့(မနက်ဖြန်) မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ် ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁)မှာတော့ အခြားသော ပွဲတွေ အဖြစ် ဇွဲကပင်နဲ့ရတနာပုံ၊ဧရာဝတီနဲ့မကွေး၊ဟံသာဝ တီနဲ့ရခိုင်၊ရန်ကုန်နဲ့ချင်း၊ဆောက်သမ်းနဲ့စစ်ကိုင်းအသင်းတို့ တွေ့ဆုံနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က