တစ်နှစ်စာချုပ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

ရှမ်းယူနိုက်တက်အသင်းက လာအိုဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းမှုကြောင့် ဦးနေလှိုင်နဲ့ရှိနေတဲ့ စာချုပ်ကိ ဖျက်သိမ်းပေးခဲ့တယ်လို့သိရပါတယ်။

ရှမ်းယူ-၂၁ အသင်းရဲ့ ဂိုးနည်းပြ ဦးနေလှိုင်အနေနဲ့ လာအိုလက်ရွေးစင် အမျိုးသားအသင်းရဲ့ ဂိုးနည်းပြအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်တော့မယ်လို့ ရှမ်းယူနိုက်တက်အသင်းက သတင်းထုတ်ပြန်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းနဲ့ စာချုပ်ရှိပေမယ့်လည်း ဂိုးနည်းပြကို အတွေ့အကြုံရစေဖို့အတွက် ရှမ်းယူနိုက်တက် အသင်းက စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းပေးခဲ့တယ်လို့လည်း သိရပါတယ်။

အသက် ၃၃ နှစ်ရွယ်သာရှိသေးတဲ့ ဦးနေလှိုင်ကို လာအိုဘောလုံးအဖွဲ့ချုပ်က တစ်နှစ်စာချုပ်နဲ့ ကမ်းလှမ်းလာခဲ့တာ ဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်တာဝန်ထမ်းဆောင်ရမယ်လို့လည်းသိရပါတယ်။


ဦးနေလှိုင်ကတော့ ရန်ကုန်ယူနိုက်တက်၊နေပြည်တော်အက်ဖ်စီ၊ဟံသာဝတီ အစရှိတဲ့ ကစားခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး ဟံသာဝတီယူနိုက်တက်အသင်းမှာလည်း ဂိုးနည်းပြ တာဝန်ကို ထမ်းဆောင်ခဲ့ဖူးပါတယ်။

အခုလို မြန်မာလူမျိုးတစ်ဦးအနေနဲ့ ပြည်ပ အမျိုးသားဘောလုံးလက်ရွေးစင်အသင်းကြီးတစ်သင်းမှာ နည်းပြ တာ ဝန်ထမ်းဆောင်တာ ပထမဆုံးအကြိမ်လို့လည်း ယူဆနိုင်ပါတယ်။

ဦးနေလှိုင်ကတော့ မနက်ဖြန် ဆောက်သမ်းနဲ့ ကစားမယ့် ရှမ်းယူ-၂၁ အသင်းကို နောက်ဆုံး တာဝန်ယူကိုင်တွယ် မယ်လို့လည်း သိရပါတယ်။

ဦးနေလှိုင် လာအိုလက်ရွေးစင်အသင်းရဲ့ ဂိုးနည်းပြအဖြစ် တာဝန်ထမ်းဆောင်မယ်ဆိုရင် ဒီနှစ် ကစားမယ့် အာဆီ ယံ ဆူဇူကီး ဖလား ပြိုင်ပွဲမှာ ပြန်လည် တွေ့နိုင်ပါတယ်။


Author


က္က