နိုင်ငံတစ်နိုင်ငံတည်းမှာပဲ ကစားသွားတော့မှာပါ။

အာဆီယံဇုန်ဆီမီးဖိုင်နယ် နဲ့ ဗိုလ်လုပွဲတွေကိုလည်း တစ်ကျော့တည်းသာကစားသွားဖို့ စီစဉ်ထားကြောင်းသိရကာ နိုင်ငံတစ်နိုင်ငံတည်းမှာသာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ 


AFC Cup 2020 ပြိုင်ပွဲရဲ့ အာဆီယံဇုန် အုပ်စု (စ) နဲ့ အုပ်စု (ဆ) ပွဲစဉ်တွေကို ဗီယက်နမ်နိုင်ငံမှာ လက်ခံကျင်းပသွားမယ်လို့ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ကြောင်း သိရပါတယ်။ အဆိုပါအုပ်စုပွဲစဉ်တွေကို စက်တင်ဘာလ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့ အထိကစားသွားမယ်လို့လည်း အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ 

အုပ်စု (စ) ရဲ့ ပွဲစဉ်တွေကိုတော့ ဟိုချီမင်းမြို့က Thong Nhat ကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး အုပ်စု (ဆ) ပွဲစဉ်တွေကိုတော့ Quang Ninh's Cam Pha ကွင်းမှာ ကစားသွားကြမှာဖြစ်ပါတယ်။ အုပ်စု (စ)မှာတော့ မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းပါဝင်နေပြီး ဟိုချီမင်းစီးတီး၊ လာအိုတိုယိုတာနဲ့ ဟောင်အန်ယူနိုက်တက်တို့ ပါဝင်နေခဲ့ပါတယ်။ 

အုပ်စု (ဇ) ပွဲစဉ်တွေကိုလည်း နိုင်ငံတစ်နိုင်တည်းမှာသာ ပြုလုပ်သွားမယ်လို့ သိရပြီး ဆက်လက်သတင်းထုတ်ပြန်ပေးသွားမယ်လို့သိရပါတယ်။ အာဆီယံဇုန်ဆီမီးဖိုင်နယ် နဲ့ ဗိုလ်လုပွဲတွေကိုလည်း တစ်ကျော့တည်းသာကစားသွားဖို့ စီစဉ်ထားကြောင်းသိရကာ နိုင်ငံတစ်နိုင်ငံတည်းမှာသာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ 

အုပ်စု (င) ပွဲစဉ်တွေကိုတော့ မော်လ်ဒိုက်မှာ ကျငး်ပဖို့အတွက် အတည်ပြုထားပြီးဖြစ်ကာ အောက်တိုဘာ ၂၃ ရက်နေ့ကနေ နိုဝင်ဘာ ၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မြန်မာနေရှင်နယ်လိဂ်ကလပ်ဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ ဗီယက်နမ်ကို သွားရောက်ကစားရမှာဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းပါဝင်တဲ့ အုပ်စု (ဇ) ပွဲစဉ်တွေကိုတော့ ဘယ်မှာကျင်းပမလဲဆိုတာ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။ 



က္က