ညာဖက်ဒူးကောင်းလာရင် ဘယ်ဖက်ဒူးက ပြန်နာလာနေလို့ နောက်ဖြစ်လာမယ့် ဒဏ်တွေကိုမခံစားချင်တော့ဘူး။
Kyaw Ko Ko Sint

ယူ-၂၀ ကမ္ဘာ့ဖလားဝင် အသင်းနဲ့ လင်းလက်ခဲ့တဲ့ ကြယ်တစ်ပွင့်ဟာ သိပ်ကြာကြာ မထွန်းလင်းနိုင်ခဲ့သလို အခု ချိန်မှာတော့ လက်လွှတ်ရတော့မယ့် အရေးနဲ့ ရင်ဆိုင်နေရတာပါ။

၂၀၁၅ ခုနှစ်က မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းနဲ့အတူ ပရိသတ်တွေ သတိထားမိခဲ့တဲ့ ခြေစွမ်းမြင့် ကွင်း လယ်ကစားသမားလေးကျော်မင်းဦးကတော့ ဒဏ်ရာပြဿနာတွေကြားကနေ ရုန်းမထွက်နိုင်တော့ပဲ ကစား သမားဘဝကို လက်လွှတ်ချင်နေပါပြီ။



ရန်ကုန်ယူနိုက်တက်အသင်းနဲ့အတူ ကစားနေတဲ့ ကွင်းလယ်ကစားသမား ကျော်မင်းဦးအနေနဲ့ ဒူးဒဏ်ရာရရှိခဲ့ ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။ ဒါပေမယ့် မသက်သာလို့ ထိုင်းနိုင်ငံကို သွားရောက် ကုသမှုတွေ ဆက်လက်ပြုလုပ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ကျော်မင်းဦးနဲ့ ငြိမ်းချမ်းအောင် နှစ်ဦးကို ထိုင်းနိုင်ငံက အောင်သူ ကစားခဲ့တဲ့ Police Tero အသင်းမှာ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ ပူးပေါင်း စေခဲ့ပါတယ်။

ထိုင်းကလပ် Police Tero အသင်းက ကြံ့ခိုင်ရေး နည်းပြက အကောင်းဆုံး ဆောင်ရွက်ပေးခဲ့လို့ ငြိမ်းချမ်း အောင် တစ်ယောက် ပြန်လည်သက်သာလာပြီး ရန်ကုန်အသင်းနဲ့အတူ မြက်ခင်းပြင်တွေပေါ် ပြန်ရောက်နေပြီ ဖြစ်ပေမယ့် ကျော်မင်းဦးကတော့ မသက်သာသေးပါဘူး။

ညာဖက်ဒူးဒဏ်ရာက သက်သာလိုက် ဘယ်ဖက် ဒူးဒဏ်ရာက ပြန်လည် နာကျင်လိုက် ဖြစ်နေလို့ အခုဆိုရင် ကစားသမားဘဝကတောင် အနားယူဖို့ ဆုံးဖြတ်နေပြီလို့ ထုတ်ဖော်ပြောလာခဲ့ပါတယ်။

တော်ပြီအကို၊ကျွန်တော် ဆက်မကြိုးစားချင်တော့ဘူး။ညာဖက်က သက်သာလာရင် ဘယ်ဖက် ဒူးဒဏ်ရာ ဟောင်းက ပြန်ထလာတယ်။နောက်ထပ် ထပ်ဖြစ်လာမယ့် ဒဏ်ရာတွေကို မခံစားချင်တော့ဘူး။ကျွန်တော် အနားယူတော့မယ်။”လို့ Duwun Sportsကို ပြောလာခဲ့ပါတယ်။

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြန်မာအသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး မောင်းနှင်ခဲ့တဲ့ ကွင်းလယ် ဖန်တီး ရှင်၊ မြန်မာ့လက်ရွေးစင်အသင်းရဲ့ မျှော်လင့်ချက်ကြယ်ဟာ ဒူးဒဏ်ရာတွေရဲ့ ဖိစီးမှုနဲ့အတူ မှေးမှိန်ခဲ့ရပါပြီ။

လက်ရှိမှာတော့ ဇာတိမြေ ဖြူးကို ထိုင်းနိုင်ငံကနေ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပြီး စီးပွားရေးကိုသာ ဆက်လက် လုပ်ဆောင်သွားတော့မယ်လို့လည်း ဆိုလာပါတယ်။

“ဘုရားက ကျွန်တော့်ကို ဒီလောက်ပဲ ပေးတယ်နဲ့တူပါတယ်။ဘယ်တတ်နိုင်မလဲ၊အခုတက်လာတဲ့ မျိုးဆက်သစ် တွေလည်း ကောင်းကြပါတယ်။ကျွန်တော်ကတော့ ဘောလုံးနဲ့ ပတ်သက်တာ ဘာမှကို မလုပ်ချင်တော့ဘူး အကိုရာ။” လို့ ကျော်မင်းဦးက ဆက်လက်ပြောခဲ့ပါသေးတယ်။

ကျော်မင်းဦးကို ထိုင်းနိုင်ငံမှာ ဒူးဒဏ်ရာ ဆက်လက်ကုသဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က စီစဉ်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပြီး အခုချိန်မှာ ဒဏ်ရာ မသက်သာလို့ ပြန်လာတဲ့ အပေါ်မှာရော ဘယ်လို ဆက် လက်ဆောင်ရွက်ပေးသွားမလဲဆိုတာကတော့…….။


ဆက်စပ်အကြောင်းအရာများ


Author


က္က