စစ်တွေဇုန်ပြိုင်ပွဲကတော့ ယူ၁၄ ပြိုင်ပွဲရဲ့ နောက်ဆုံးဇုန်ပြိုင်ပွဲလည်းဖြစ်ပါတယ်။

ကျောက်ဖြူ (က) အသင်းအနေနဲ့ ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ချေပဂိုးပြန်သွင်းယူနိုင်ခဲ့ပြီး လက်ရှိချန်ပီယံအသင်းကို အနိုင်ယူဖို့အတွက် မျှော်လင့်နိုင်ခဲ့ပေမယ့်

ပင်နယ်တီအဆုံးအဖြတ်မှာတော့ အရေးနိမ့်သွားခဲ့ရပါတယ်။


Myanmar Care က အဓိကကူညီပံ့ပိုးပေးထားတဲ့ MPT MNL ယူ၁၄ ဘောလုံးပြိုင်ပွဲရဲ့ စစ်တွေဇုန်ပြိုင်ပွဲမှာတော့ လက်ရှိချန်ပီယံရသေ့တောင်အသင်းက ကျောက်ဖြူ (က) အသင်းကို အနိုင်ရခဲ့ပြီး ချန်ပီယံဘွဲ့ကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။ စစ်တွေဇုန်ဗိုလ်လုပွဲကတော့ သာမာန်ပွဲကစားချိန်အတွင်းမှာ တစ်ဂိုးစီသရေကျခဲ့လို့ အချိန်ပို၊ ပင်နယ်တီအထိ ရောက်ရှိခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာတော့ ရသေ့တောင်အသင်းက လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ကျောက်ဖြူ (က) အသင်းအနေနဲ့ ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ချေပဂိုးပြန်သွင်းယူနိုင်ခဲ့ပြီး လက်ရှိချန်ပီယံအသင်းကို အနိုင်ယူဖို့အတွက် မျှော်လင့်နိုင်ခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာတော့ အရေးနိမ့်သွားခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ အကောင်းဆုံးဆုရကစားသမားများ၊ အသင်းများကို တာဝန်ရှိပုဂ္ဂိုလ်များက ဆုများချီးမြှင့်ပေးခဲ့ကြပါတယ်။ Main Sponsor အဖြစ် ကူညီပံ့ပိုးပေးထားတဲ့ Myanmar Care ကလည်း ဆုရအသင်းများကို ထရက်ဆုနဲ့ အားကစားပစ္စည်းများထောက်ပံ့ပေးခဲ့ပြီး ကြည်နူးပျော်ရွှင်စရာ ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့ကြီး (၁၀) မြို့မှာ ကျင်းပခဲ့တဲ့ ယူ၁၄ လူငယ်ဘောလုံးပြိုင်ပွဲကြီးကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ မန္တလးဇုန်၊ ရွှေဘိုဇုန်၊ ရန်ကုန်ဇုန်၊ မကွေးဇုန်၊ တောင်ကြီးဇုန်၊ ပဲခူးဇုန်၊ ဘားအံဇုန်၊ မော်လမြိုင်ဇုန်၊ ပုသိမ်ဇုန် နဲ့ စစ်တွေဇုန်ဆိုပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတဆင့် အကောင်းဆုံးကစားသမားတွေကို ရွေးချယ်မှုပြုလုပ်ခဲ့ပါတယ်။

အဆိုပါကစားသမားတွေကိုတော့ ရန်ကုန်မှာ ပြိုင်ပွဲထပ်မံပြုလုပ်ပေးပြီး အပြီးသတ်လူစာရင်းရွေးချယ်ကာ ဂျပန်နိုင်ငံကို ၂ပတ်ကြာ သင်တန်းတက်ဖို့ ပို့ဆောင်ပေးသွားဖို့အတွက် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ မြန်မာဘောလုံးလောကအတွက် အားထားရတဲ့ မျိုးဆက်သစ်ကစားသမားတွေပေါ်ထွက်လာစေဖို့ ရည်ရွယ်ကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီးက အောင်အောင်မြင်မြင်နဲ့ပွဲ ပြီးဆုံးသွားခဲ့ပြီလည်း ဖြစ်ပါတယ်။


(ယခုသတင်းကို Myanmar Care က အဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်)



က္က