AFC Social Responsibility Conference 2019 မှာပြောခဲ့တာပါ။

ဦးဇော်ဇော်က အာရှဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌအနေနဲ့ အဆိုပါ အခမ်းအနားကို တက်ရောက်ပြီး အဖွင့်အမှာ စကားပြောကြားခဲ့တာပါ။

မနေ့က အောက်တိုဘာ ၃၀မှာ AFC Social Responsibility Conference 2019 ကို မလေးရှားနိုင်ငံ ကွာလာ လမ်ပူမှာရှိတဲ့ အာရှဘောလုံးအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။



အဆိုပါ အခမ်းအနားကို အာရှဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ၊မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် တက်ရောက်အမှားစကားပြောကြားခဲ့ပါတယ်။



“ အစိုးရ၊အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊အေးဂျင့်တွေ၊အလှူရှင်တွေနဲ့ပူးပေါင်းအဖွဲ့အစည်းတွေ အားလုံးက ကောင်းမွန်တိုးတက်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့ အတူတကွလုပ်ဆောင်နေကြပါတယ်။ ဒီအချိန်မှာပဲ လူအများစုဟာ တန်းတူညီမျှမှုအခွင့်အရေးတွေချိုးဖောက်ခံနေရသလို လူမျိုးရေးခွဲခြားမှုတွေလည်း ခံနေရပါတယ်။ ဒါပေမယ့် ဘောလုံးက  အခုကျွန်တော်တို့ ဘာလုပ်နေတယ်ဆိုတာထက်ပိုပါတယ်။ဒါကြောင့် ကျွန်တော်တို့ရဲ့ဘောလုံးပွဲစဉ်တွေတိုင်းမှာ တန်းတူမညီမျှမှုနဲ့လူမျိုးခွဲခြာမှုတွေကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ အမြဲလုပ်ဆောင်နေပါတယ်။ လူတိုင်းအခွင့်အရေးတန်းတူရသင့်တယ်လို့ ယုံကြည်ပါတယ်။အခု ကျွန်တော်တို့ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဌရဲ့ ဦးဆောင်မှုနဲ့အတူ ကျွန်တော်တို့ ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။”လို့ ဦးဇော်ဇော်က အဖွင့်အမှာစကားပြောခဲ့တာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကဖော်ပြ ထားပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ AFC Dream Asia Awards 2019 (Developing) Winner ဆုကိုလည်း ဆွတ်ခူးရရှိခဲ့တယ်လို့သိရပါတယ်။ဒီဆုအတွက် ဘင်္ဂလားဒေ့ရှ်၊ဟောင်ကောင်နဲ့မြန်မာတို့ကို ဆန်ခါတင် ရွေးချယ်ခဲ့ပြီးမှ မြန်မာက ဆွတ်ခူးခဲ့တာလို့ လည်းသိရပါတယ်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လူမှုရေး အဖွဲ့အစည်းများကို လှုဒါန်းခြင်း၊ ဧရာဝတီ ဖောင်ဒေးရှင်းနှင့် ပူးပေါင်းပြီး ကလေးသူငယ်များ ကျန်းမာရေး အတွက် လှုဒါန်းမှုပြုလုပ်ခြင်း၊ သဘာဝဘေးဒဏ်ခံရတဲ့ အိမ်နီးချင်း နိုင်ငံတွေကို ထောက်ပံ့လှုဒါန်းခြင်း၊ လူငယ် ဘောလုံးပွဲတော်များ ပြိုင်ပွဲများ ကျင်းပပြီး အားကစား အသုံးအဆောင်များ လှုဒါန်းခြင်း အစရှိတဲ့ ဆောင်ရွက်မှုတွေကြောင့် ယခုဆုကို ဆွတ်ခူးတာလို့လည်းသိရပါတယ်။



က္က