မေလ ၁ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ကစားမှာပါ။
Kyaw Ko Ko Sint

၄ ပွဲကစား ၁ ပွဲနိုင် ၃ ပွဲရှုံးထားလို့ ရမှတ် ၃ မှတ်နဲ့ အုပ်စုတွင်း အဆင့် အောက်ဆုံးမှာ ရပ်တည်နေရပြီး လက်ကျန် ၂ ပွဲစလုံးအနိုင်ရရင်တောင် နောက်တဆင့် တက်ဖို့ မသေချာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

အေအက်ဖ်စီဖလား ပြိုင်ပွဲရဲ့ အုပ်စု ပွဲစဉ်(၅)ထဲက ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စင်ကာပူကလပ် တန်းပနိ့စ်ရိုဗာအသင်းနဲ့ မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဒီကနေ့မှာ ပြုလုပ်ခဲ့ပြီး ရန်ကုန် ညန်းပြချုပ် ဦးမျိုးမင်းထွန်းကတော့ အဓိက ကစားသမားတွေမပါဝင်လာလို့လူစုံပေမယ့် အကောင်းဆုံး ပုံစံနဲ့ ကစားသွားမှာပါလို့ ပြောသွားတဲ့အကြောင်း ရန်ကုန်အသင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။



“ မနက်ဖြန်ပွဲက ကျွန်တေည်တို့အတွက် ခက်ခဲမယ့်ပွဲတစ်ပွဲဖြစ်ပါတယ်။ ဂိုးသမား ကျော်ဇင်ထက် က နေမကောင်းဖြစ်နေတဲ့အပြင် တိုက်စစ်မှူး ဆီလာ တို့ကလည်း ပွဲပယ်ဖြစ်နေပါတယ်။ ဒါပေမယ့် ရန်ကုန် ယူနိုက်တက် အသင်းရဲ့ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။” လို့ ရန်ကုန်နည်းပြချုပ် ဦးမျိုးမင်း ထွန်းက ပြောသွားတဲ့အကြောင်း ရန်ကုန်ယူနိုကတက်အသင်း တရားဝင် လူမှုစာမျက်နှာမှာ ရေးသားဖော်ပြ ထားပါတယ်။

ရန်ကုန်အသင်းအနေနဲ့ အုပ်စုတွင်းမှာ ရမှတ် ၃ မှတ်သာရထားပြီး အုပ်စုအောက်ဆုံးမှာ ရပ်တည်နေတာကြောင့် နောက်တဆင့်အတွက် မျှော်လင့်ချက် နည်းပါးနေပြီဖြစ်ပါတယ်။

“ ဒီနှစ်အုပ်စုတက်ဖို့ အခွင့်အရေးအတော်နည်းသွားပါတယ်။ ဒါပေမယ့် ရန်ကုန် ယူနိုက်တက်အသင်းရဲ့ ဂုဏ်သိက္ခာ နဲ့ အဆင့်အတန်းတစ်ခုကို ပြသသွားပါမယ်။” လို့ အသင်းခေါင်းဆောင် ရန်အောင်ကျော်ကလည်း ဖြည့်စွက်ပြောခဲ့ပါသေးတယ်။

ရန်ကုန်အသင်းနဲ့ တန်းပနိ့စ်ရိုဗာအသင်းတို့က အေအက်ဖ်စီပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ရန်ကုန်မြို့မှာ ပ-ကျော့ ကစားခဲ့ကြပြီး တန်းပနိ့စ်ရိုဗာအသင်းကပဲ ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

လက်ရှိ အုပ်စုတွင်းရပ်တည်မှုမှာလည်း တန်းပနိ့စ်ရိုဗာအသင်းက ရမှတ် ၁၀ မှတ်နဲ့ နောက်တဆင့်ကို သေချာ ပေါက်တက်ရောက်ထားနှင့်ပြီလည်း ဖြစ်ပါတယ်။

ရန်ကုန်အသင်းကတော့ မျှော်လင့်ချက် ငွေ့ငွေ့အတွက် တန်းပနိ့စ်ရိုဗာအသင်းကို အနိုင်ရမယ်ဆိုရင်တောင် တဖက်က ဟန်နွိုင်းအသင်းအနေနဲ့ နာဂါဝေါလ်အသင်းကို အနိုင်မရဖို့ လိုပါသေးတယ်။ဒါမှသာ အုပ်စုနောက် ဆုံးပွဲအထိ မျှော်လင့်ချက် ဆက်လက် ရှင်သန်နိုင်မှာ ဖြစ်ပြီး ဟန်နွိုင်းအသင်းသာ နာဂါဝေါလ်အသင်းကို အနိုင် ရခဲ့မယ်ဆိုရင် ရန်ကုန်အသင်းအနေနဲ့ လက်ကျန် ၂ ပွဲစလုံး အနိုင်ရရင်တောင် မမီနိုင်တော့ပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author


က္က