ယူ၂၁ ကစားသမားတွေဖြစ်ပါတယ်။
Pyae Phyo Thein

ကွင်းလယ်လူ ထရန်ကောင်မင် နဲ့ နောက်ခံလူ ဗိုမင်ထရောင်တို့လည်း ပါဝင်ခဲ့ပြီး အဆိုပါကစားသမားနှစ်ဦးဟာ AFC U19 ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗီယက်နမ်အတွက် ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ 


ဗီယက်နမ်ယူ၂၁ ကလပ်အသင်းတစ်ခုဖြစ်တဲ့ Dong Thap အသင်းရဲ့ ကစားသမား ၁၁ ဦးဟာ လုပ်ပွဲကစားခဲ့မှုကြောင့် ခြောက်လကနေ ငါးနှစ်အထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ e.vnexpress က ဖော်ပြသွားခဲ့ပါတယ်။ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ငွေဒဏ်လည်းပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ 

ပွဲပယ်ခံခဲ့ရတဲ့ ကစားသမားတွေဟာ အသက်အရွယ်ပိုင်းအရ ငယ်ရွယ်သေးတာကြောင့် ဗီယက်နမ်ဘောလုံးလောကအတွက်တော့ စိုးရိမ်စရာအဖြစ်ရှိနေခဲ့ပါတယ်။ ကွင်းလယ်လူ ထရန်ကောင်မင် နဲ့ နောက်ခံလူ ဗိုမင်ထရောင်တို့လည်း ပါဝင်ခဲ့ပြီး အဆိုပါကစားသမားနှစ်ဦးဟာ AFC U19 ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗီယက်နမ်အတွက် ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ 

သူတို့နှစ်ဦးဟာ ဒေါင်ငွေ ၂.၅သန်းစီ ပေးဆောင်ခဲ့ရပြီးတော့ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ဘယ်ပြိုင်ပွဲမှာမဆို ခြောက်လအထိ ပါဝင်ခွင့်မရှိဘူးလို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အခြားကစားသမားရှစ်ဦးဟာလည်း သူတို့နည်းတူ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး အသက် ၂၁နှစ်အရွယ် ကစားသမား ဗန်တီယန်ကတော့ လုပ်ပွဲကစားဖို့ အသင်းဖော်တွေကို စည်းရုံးခဲ့တာကြောင့် ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ 

သူကတော့ ဒေါင်ငွေငါးသန်းအထိ ပေးဆောင်ခဲ့ရပြီး ငါးနှစ်ကြာပွဲပိတ်ခံခဲ့ရပါတယ်။ ဗီယက်နမ် ယူ၂၁ အမျိုးသားအဆင့်ပြိုင်ပွဲအဖွင့်ပွဲအဖြစ် Dong Thap အသင်းနဲ့ Vinh Long အသင်းတို့ဟာ ပြီးခဲ့တဲ့နှစ်က ကစားခဲ့ကြပြီးတော့ အဆိုပါကစားသမား ၁၁ဦးဟာ ဒေါင်ငွေသန်း ၁၅၀ ရယူခဲ့ပြီးတော့ နှစ်ဂိုးအကွာ ဒါမှမဟုတ် တစ်ဂိုးအကွာနဲ့ အရှုံးပေးဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါပွဲကတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပြီး အပိုဆုကြေးအဖြစ် ဒေါင် ၁၃၃သန်း ထပ်မံရရှိခဲ့ကာ ရာခိုင်နှုန်းအလိုက်ခွဲဝေယူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ Dong Thap အသင်းဟာ အဆိုပါပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့ကြောင်းလည်း သိရပါတယ်။ ဗီယက်နမ်ဘောလုံးလောကကတော့ လုပ်ပွဲပြသနာတွေ မကြာခဏဖြစ်ပွားလေ့ရှိနေတာဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်တုန်းကလည်း အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ ဗီယက်နမ်နာမည်ကျော်ကြယ်ပွင့်တွေပါဝင်တဲ့ ကစားသမား ၇ ဦးဟာ လုပ်ပွဲကစားခဲ့ကြပြီးတော့ ထောင်ဒဏ်လေးနှစ်စီနဲ့ ပွဲပယ်ပြစ်ဒဏ်တွေချမှတ်ခံခဲ့ရပါသေးတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်ကလည်း Ninh Binh ဘောလုံးအသင်းကလည်း အေအက်ဖ်စီပြိုင်ပွဲမှာ လုပ်ပွဲကစားခဲ့လို့ ပွဲကစားခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က