ချင်းမိုင်အသင်းရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာကဖော်ပြခဲ့တာပါ။
Pyae Phyo Thein

ချင်းမိုင်ယူနိုက်တက်ကတော့ သူတို့အသင်းအတွက် အရေးပါတဲ့ ကစားသမားခေါ်ယူမှုပြုလုပ်နိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပြီး ကျော်ကိုကိုဟာ ပုံမှန်ကစားခွင့်ရရှိမယ့် အာမခံချက်ပါ ရယူနိုင်ခဲ့ဖွယ်ရှိပါတယ်။ 


ချင်းမိုင်ယူနိုက်တက်အသင်းနဲ့အတူ ဆေးစစ်မှုတွေပြုလုပ်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးကျော်ကိုကိုဟာအသင်းနဲ့အတူ ဆေးစစ်မှုတွေ အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ ချင်းမိုင်ယူနိုက်တက်အသင်းရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာကနေ ဖော်ပြခဲ့တာဖြစ်ပြီး ကျော်ကိုကိုဟာ လိဂ် (၂) ကလပ်အသင်းနဲ့ လက်တွဲသွားတော့မှာဖြစ်ပါတယ်။

ချင်းမိုင်ယူနိုက်တက်အသင်းက ဖော်ပြချက်မှာတော့ "လိဂ် (၂) အတွက် အဓိကထားပြင်ဆင်နေတာဖြစ်ပြီးတော့ ကျော်ကိုကိုကို ဆေးစစ်မှုတွေပြုလုပ်ခဲ့တဲ့အခါမှာ ရလဒ်တွေက ကျေနပ်စရာဖြစ်ခဲ့ပြီး ဘာပြသနာမှလည်း မဖြစ်ခဲ့ပါဘူး၊ ထိုင်းလိဂ်ကလပ်အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဒီကစားသမားရဲ့ အတွေ့အကြုံတွေက အသုံးဝင်လာမှာပါ" လို့ တွေ့ရှိရပါတယ်။

စာချုပ်သက်တမ်းအသေးစိတ်ကိုတော့ မသိရှိရသေးပဲ တစ်ရာသီစာချုပ်သာဖြစ်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ ချင်းမိုင်ယူနိုက်တက်ကတော့ သူတို့အသင်းအတွက် အရေးပါတဲ့ ကစားသမားခေါ်ယူမှုပြုလုပ်နိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပြီး ကျော်ကိုကိုဟာ ပုံမှန်ကစားခွင့်ရရှိမယ့် အာမခံချက်ပါ ရယူနိုင်ခဲ့ဖွယ်ရှိပါတယ်။ ကစားသမားရဲ့ အေးဂျင့်ကလည်း သဘောတူညီမှုရရှိခဲ့ပြီလို့ Duwun Sports ကို အတည်ပြုပြောဆိုခဲ့ပြီး ရာသီကုန်ထိစာချုပ်ချုပ်မှာဖြစ်ကာ အခြားသောအသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိခဲ့ရပါဘူး။

ကျော်ကိုကိုဟာ ဆူခိုထိုင်းအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ကလပ်အသင်းသစ်ရှာဖွေခဲ့တာဖြစ်ပြီးတော့ ရက်ပိုင်းအတွင်းမှာပဲ အသင်းသစ်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ချင်းမိုင်ယူနိုက်တက်ကတော့ သူ့အတွက် လေးသင်းမြောက်ထိုင်းကလပ်ဖြစ်လာခဲ့ပြီးတော့ လက်ရှိမြန်မာဘောလုံးလောကရဲ့ အကောင်းဆုံးတိုက်စစ်မှူးဟာ အသင်းသစ်မှာ ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က