ဇူလိုင် ၁၆ ရက်နေ့မှာ ပြန်လည်စတင်ဖို့ စီစဉ်ထားတာပါ။
Pyae Phyo Thein

လာမယ့် ဇူလိုင်လအတွင်းမှာ ပြန်လည်စတင်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ တုံ့ပြန်မှုတစ်စုံတစ်ရာမသိရသေးတာလည်းဖြစ်ပါတယ်။ 


ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားခဲ့ရတဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲတွေကို ပြန်လည်စတင်ဖို့အတွက် အစိုးရဆီမှာ ခွင့်ပြုချက်တောင်းခံထားတာ တစ်လကျော်နေပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်ထိ ခွင့်ပြုချက်မရသေးဘူးလို့ သိရပါတယ်။ လာမယ့် ဇူလိုင်လအတွင်းမှာ ပြန်လည်စတင်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ တုံ့ပြန်မှုတစ်စုံတစ်ရာမသိရသေးတာလည်းဖြစ်ပါတယ်။ 

နေရှင်နယ်လိဂ်အနေနဲ့ ပြိုင်ပွဲတွေပြန်လည်စတင်ချိန်မှာ ရောဂါကာကွယ်ရေးအတွက် လိုက်နာရမယ့် လမ်းညွှန်ချက်တွေအတိုင်း ကျင်းပသွားဖို့ရှိတယ်လို့ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့မှုမှာ နေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ်ဦးစိုးမိုးကျော်က ပြောဆိုခဲ့ဖူးပါတယ်။ ပွဲစဉ်တွေကိုတော့ ရန်ကုန်မှာသာကျင်းပသွားဖို့နဲ့ ပရိသတ်မပါဘဲကစားသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ 

"“ကျွန်တော်တို့ဘက်က တင်ပြထားတာ တစ်လနီးပါးရှိပါပြီ။ဒီအပေါ်မှာ အသေးစိတ်အစီအစဉ်တွေကို ထပ်မံ တင်ပြဖို့ တောင်းဆိုလာတဲ့အတိုင်း ဆက်လက်တင်ပြပြီးလည်း ဖြစ်ပါတယ်။ဒီရက်ပိုင်းမှာ ခွင့်ပြုချက်ရလာမ လားဆိုတာ စောင့်ကြည့်ပါမယ်။ခွင့်ပြုချက် ရက်အတော်လေး ကြာတဲ့အထိ မရလာရင်တော့ မူလရေးဆွဲထား တဲ့ ပွဲစဉ်ဇယားတွကို တာဝန်ရှိသူတွေနဲ့ ပြန်လည်တိုင်ပင်ပြီး အဆင်ပြေဆုံးဖြစ်မယ့် ပွဲစဉ်ဇယားတစ်ခုကို ပြန်လည် ရေးဆွဲရမှာပါ။”လို့ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က ပြောပါတယ်။

ဘောလုံးပွဲတွေ ရပ်နားခြင်းမတိုင်ခင်မှာ မြန်မာနေရှင်နယ်လိဂ်ကို ပြိုင်ပွဲဝင်အသင်းပေါင်း ၁၂သင်းနဲ့ ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ချင်းယူနိုက်တက် နဲ့ ဇွဲကပင်ယူနိုက်တက်အသင်းတို့ အသင်းဖျက်သိမ်းပြီး နုတ်ထွက်မှာဖြစ်တဲ့အတွက် အသင်းပေါင်း ၁၀ သင်းနဲ့သာ ဆက်လက်ကစားသွားရမှာလည်းဖြစ်ပါတယ်။


ဒါကြောင့် အဆိုပါအသင်းနှစ်သင်းရဲ့ ကစားခဲ့တဲ့ ရလဒ်တွေကို ပယ်ဖျက်သွားမှာဖြစ်ပြီး အမှတ်ပေးဇယားရပ်တည်မှုမှာ နေရာအပြောင်းအလဲ၊ ရမှတ်အပြောင်းအလဲတွေ ရှိလာမှာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာတော့ အမှတ်ပေးဇယားကို ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ် ၂၇ မှတ်နဲ့ ဦးဆောင်နေပြီး ဧရာဝတီယူနိုက်တက်က တစ်ပွဲလျော့ ၁၂မှတ်၊ ရန်ကုန်ယူနိုက်တက်ကလည်း တစ်ပွဲလျော့ ရမှတ် ၂ဝနဲ့ အစဉ်လိုက်ရပ်တည်နေခဲ့ကြပါတယ်။ 


Author


က္က