စင်ကာပူလိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဂျပန်ကလပ် ဖြစ်ပါတယ်။
Kyaw Ko Ko Sint

စင်ကာပူ လိဂ်ချန်ပီယံ ဖြစ်ပေမယ့် စင်ကာပူလိဂ်မှာ ဝင်ပြိုင်နေတဲ့ ဂျပန်ကလပ်အသင်း တစ်သင်းဖြစ်ပြီး မနက်ဖြန်မှာတော့ ယူ-၁၉ အသင်းနဲ့ စတင်ခြေစမ်းကစားသွားမှာပါ။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနဲ့ ဂျပန်ကလပ် အဲဘရစ် နီဂါတာ အသင်းတို့ မနက်ဖြန်မှာ ခြေစမ်းပွဲ ကစားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကစားသွားမှာ ဖြစ်ပြီး မြန်မာ ယူ-၁၉ အသင်းကို နည်းပြချုပ် ဦးစိုးမြတ်မင်းက တာဝန်ယူ ကိုင်တွယ်သွားမှာလည်း ဖြစ်ပါတယ်။



အခု ယှဉ်ပြိုင်ကစားမယ့် ယူ-၁၉ အသင်းမှာတော့ အမှှန်တကယ် အသက် ၁၇ နဲ့ ၁၈ နှစ်သာရှိတဲ့ ကစားသမား တွေပါဝင်နေပြီး ဒီအသင်းကို မူလကတည်းက ဦးမိုးမြတ်မင်းက တာဝန်ယူခွင့်ရထားတာလည်း ဖြစ်ပါတယ်။


ဂျပန်ကလပ် နီဂါတာ အသင်းကတော့ စင်ကာပူလိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အသင်းတစ်သင်းဖြစ်လို့ လိဂ်ရဲ့ လက်ရှိချန်ပီယံလည်း ဖြစ်ပါတယ်။ ချစ်ကြည်ရေး ခြေစမ်းပွဲများအဖြစ် မနက်ဖြန်မှာ ယူ-၁၉ အသင်းနဲ့ ကစားပြီးရင် နည်းပြပိုပေါ့တာဝန်ယူကိုင်တွယ် နေတဲ့ ယူ-၂၂ အသင်းနဲ့လည်း ၉ ရက်နေ့မှာ ဆက်လက် ကစားသွားဦးမှာလို့ သိရပြန်ပါတယ်။

မြန်မာယူ-၁၉ နဲ့ ယူ-၂၂ နှစ်သင်းစလုံးကတော့ အာဆီယံ ပြိုင်ပွဲတွေအပြင် အာရှပြိုင်ပွဲတွေအတွက်ပါ အဓိကထား ပြင်ဆင်နေတာ ဖြစ်ပြီး ယူ-၂၂ အသင်းကတော့ ဒီလထဲမှာ အာရှ ယူ-၂၂ ခြေစစ်ပွဲ ကစားဖို့ ရှိနေပါ တယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က