နည်းပြရာဂျူလိုဗစ်အနေနဲ့ ဆူဇူးကီးပြိုင်ပွဲကို ပိုပြီးအာရုံစိုက်ဖို့ရှိနေပါတယ်။

လက်ရှိမှာ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ အာရှဖလားပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ အ သင်းအနေနဲ့ ရလဒ်ကောင်းရဖို့ ရုန်းကန်နေရတာပါ။

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ရှုံးပွဲဆက်နေခဲ့လို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ မြန်မာနည်းပြချုပ်ရာဂျူ  လိုဗစ်က ကမ္ဘာ့ဖလားခြေစစ်ပွဲထက် ဆူဇူကီးဖလားပြိုင်ပွဲက အသင်းအတွက်ပိုပြီးသင့်တော်တယ်လို့ ဂျပန်နဲ့ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ လက်ရှိမှာ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့၂၀၂၃ အာရှဖလားပြိုင်ပွဲများအတွက်  ခြေစစ်ပွဲစဉ်များကစားနေတာဖြစ်ပြီး အုပ်စု ၂ပွဲလုံးကစားပြီးချိန်မှာ မွန်ဂိုလီးယားကိုရော ဂျပန်အသင်း  ကို ပါအရေးနိမ့်ထားခဲ့တာလည်းဖြစ်ပါတယ်။



“ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေထက် ဆူဇူကီးပြိုင်ပွဲတွေက မြန်မာအတွက်ပိုပြီးသင့်တော်ပါလိမ့်မယ် ။ ဆူဇူကီးမှာက ဂျပန်လိုအဆင့်မြင့်တဲ့အသင်းတွေမပါဘူး။ ဒါပေမဲ့ အခုလိုပြိုင်ဘက်ကောင်းတွေနဲ့က စား ခွင့်ရတာက ဆူဇူကီးဖလားပြိုင်ပွဲအောင်မြင်မှုရဖို့အထောက်အကူဖြစ်တာတော့အမှန်ပါ ” လို့ နည်း  ပြချုပ်ရာဂျူလိုဗစ်က ဆိုခဲ့တာပါ။

ဆူဇူကီးဖလားပြိုင်ပွဲတစ်လျှောက်အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၂၀၀၄ခုနှစ်ပြိုင်ပွဲတွင် စတုထ္ထနေရာ သာ ရရှိခဲ့ဖူးတဲ့ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ လာမယ့် ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲတွင်အောင် မြ င်မှုရရှိဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။

နည်းပြသစ်ရာဂျူလိုဗစ်လက်ထက် အဓိကပြိုင်ပွဲအတွင်း ရလဒ်ကောင်းရဖို့ရုန်းကန်နေရတဲ့ မြန်မာ့လ  က်ရွေးစင်အသင်းအနေနဲ့ လာမယ့်အောက်တိုဘာလတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုပွဲစဉ်-၃အဖြစ်   ကာဂျစ်ရီပတ်ဘလစ်အသင်းကို ရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ်။



က္က