အာရှတိုက်နဲ့အာဆီယံ ‌ဒေသတွင်းအသင်း‌တွေကို ချိတ်ဆက်နေတယ်လို့သိရပါတယ်။

မတ်လ ၂၆ရက်နေ့ ဂျပန်အသင်းနဲ့ ကမ္ဘာ့ဖလားနဲ့အာရှဖလား ခြေစစ်ပွဲမတိုင်မီ ခြေစမ်းပွဲ ၂ပွဲခန့် ကစားနိုင်ရေး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းကို မတ်လမှာာ ကစားမယ့် ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ အာရှဖလားခြေစစ်ပွဲ မတိုင်ခင် ခြေစမ်းပွဲများ ကစားစေလိုတာကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။



မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ခြေစမ်းပွဲ အနည်းဆုံး ၂ ပွဲခန့် ကစားနိုင်ရန် ကြိုးပမ်းနေပေမယ့်လည်း ဖီဖာ ခြေစမ်းပွဲ ကာလမဟုတ်တဲ့အတွက် ဖိတ်ကြားရာမှာ အနည်းငယ် အခက်အခဲ အချို့ရှိနေတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက DuwunSports ကို ပြောပါတယ်။

“ ခြေစမ်းပွဲကတော့ ဖေဖော်ဝါရီလထဲမှာ ကစားနိုင်ဖိူ့ ကြိုးပမ်းနေပါတယ်၊ဒါပေမယ့် ဖီဖာ ခြေစမ်းပွဲကာလ မဟုတ် လို့ဖိတ်ကြားရာမှာ အနည်းငယ် အခက်တွေ့နေပါတယ်။”လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

ခြေစမ်းပွဲကစားဖို့ ဖိတ်ကြားထားတဲ့ အသင်းတွေရဲ့ နာမည်ကို ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိပေမယ့် အာရှ တိုက်အတွင်းနဲ့ အာဆီယံ ဒေသတွင်းအသင်းတွေကို ချိတ်ဆက်နေတယ်လို့တော့ သိရပါတယ်။

မြန်မာအသင်းကတော့ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ အာရှဖလား ခြေစစ်ပွဲတွေရဲ့ လက်ကျန်ပွဲတွေကိုတော့ လာမယ့် မတ်လ ၂၆ ရက်နေ့မှာ ဂျပန်အသင်းနဲ့ ပြန်လည် စတင်ကစားရပါမယ်။

Share

Loading Next Article...
က္က