ထိုင်းလိဂ်(၂)ကလပ် ဆာမတ်ဆာခွန်အသင်းမှာကစားနေသူပါ။
Kyaw Ko Ko Sint

သန်းထက်အောင်ကတော့ လက်ရွေးစင်အသင်းအတွက် ၂၀၁၈ ဆူဇူကီးမှာစတင်ပါဝင်လာခဲ့ပြီး စင်ကာပူကို ၂-၁ နဲ့ နိုင်တဲ့ခြေစမ်းပွဲမှာ နောက်ဆုံး ပါဝင်ကစားထားနိုင်ပါတယ်။

ထိုင်းလိဂ်(၂)ကလပ် ဆာမတ်ဆာခွန်အသင်းမှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးသန်းထက် အောင်ကတော့ မြန်မာနေရှင်နယ်လိဂ်ကို ပြန်လာဖို့ ဆန္ဒရှိနေတဲ့အကြောင်း Duwun Sportsကို ပြောပါတယ်။





“ ကျွန်တော်ပြန်လာချင်ပါတယ်။ ဒီမှာက ၁၀ ပိုင်းကုန်ရင် စာချုပ်ပြည့်ပါပြီ။ စာချုပ်သစ်ထပ်ချုပ်ဖို့ထက် မြန်မာနေရှင်နယ်လိဂ်ကို ပြန်လာဖို့ ဆန္ဒရှိနေပါတယ်။ အေးဂျင့်ကတော့ အခြား ထိုင်းကလပ် ၅ သင်းလောက်ကို ချိတ်ဆက်ပေးထားပေမယ့် အခုထိ ဆက်သွယ်လာတဲ့အသင်းမရှိသေးတာကြောင့် အချိန်စောင့်ရင်း အသင်း လက်မဲ့ ဖြစ်သွားမှာစိုးလို့ မြန်မာနေရှင်နယ်လိဂ်ကို ပြန်လာဖို့ စိတ်ကူးမိတာပါ။” လို့သန်းထက်အောင်က ပြောပါ တယ်။

သန်းထက်အောင်ကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရ ပြီးနောက် ထိုင်းလိဂ်(၂)ကလပ် ဆာမတ်ဆာခွန်အသင်းရဲ့ ခေါ်ယူစာချုပ်ချုပ်ခြင်းကို ခံခဲ့ရသူပါ။

ဆာမတ်ဆာခွန်အသင်းမှာတော့ ၁၀ ပွဲလောက် ပွဲထွက်ကစားရသလို ၁၀ ပွဲလောက် လူစားဝင်ကစားရမှုတွေ လည်း ရှိခဲ့ပါတယ်။

သန်းထက်အောင်အနေနဲ့ မြန်မာနေရှင်နယ်လိဂ်မှာ နောက်ဆုံး ကစားခဲ့တဲ့ကလပ်ကတော့ ဇွဲကပင်အသင်း ဖြစ်ပြီး ဇွဲကပင်အသင်းနဲ့အတူ လက်ရွေးစင်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရွေးစင်အသင်းအတွက် နောက်ဆုံး ကစးပေးထားနိုင်တာကတော့ စင်ကာပူကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ဖြစ်ပြီးအဲ့နောက် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၃ ပွဲမှာတော့ ရွေးချယ် ခံရခြင်း မရှိတော့ပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author


က္က