အသစ်ရောက်လာတဲ့ နည်းစနစ်ဒါရိုက်တာအနေနဲ့ မြန်မာအသင်းတွေကို ကိုင်တွယ်ရာမှာ အခက်အခဲ ရှိလာနိုင်မှာစိုးတဲ့အတွက် ဦးဇော်ဇော်က အခုလို ကစားသမားတွေရဲ့ အခြေအနေကို အနည်းငယ် ကြိုပြောထားတာလည်း ဖြစ်ပါတယ်။
Photo - MFF
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က နည်းစနစ်ဒါရိုက်တာအသစ်အဖြစ် စတင်တာဝန်ထမ်းဆောင်မယ့် ဘယ်လ်ဂျီနိုင်ငံသား အဲရစ် အက်ဘရမ်ကို မြန်မာကစားသမားတွေရဲ့ အားနည်းချက်၊အားသာချက်တွေကို ထုတ်ဖော်ပြောခဲ့ပါတယ်။
"မြန်မာကစားသမားတွေကို လူကောင်ကြီးလာအောင် လုပ်ပေးမှာ မဟုတ်ဘူး" - အဲရစ်အက်ဘရမ်
အဲရစ်အက်ဘရမ်က မြန်မာ့လက်ရွေးစင်အသင်းအားလုံးအတွက် နည်းစနစ်ဒါရိုက်အဖြစ် ဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို စတင်ရောက်ရှိလာတာ ဖြစ်ပြီး မြန်မာနိုင်ငံ မတိုင်ခင်က သြစတြေးလျမှာ လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
Photo - MFF
အခုချိန်မှာတော့ ဦးဇော်ဇော်က မြန်မာကစားသမားတွေအကြောင်းကို အနည်းငယ် အကျဉ်းချုပ် သိရှိထားနိုင်စေဖို့နဲ့ ကိုင်တွယ်ဖြေရှင်းရတဲ့ အခါ မျိုးမှာ ဘယ်လိုလုပ်ရင် ဘယ်လို အဆင်ပြေနိုင်မယ်ဆိုတာကို နည်းစနစ်ဒါရိုက်တာသစ် အဲရစ်ကို အကြို ရှင်းလင်းပြောပြခဲ့တာလည်း ဖြစ်ပါ တယ်။
"မြန်မာဘောလုံးလောကမှာ သက်ဆိုင်ရာနယ်ပယ်အလိုက် ပရော်ဖက်ရှင်မဆန်မှုတွေကြောင့် ထိုက်သင့်သလောက် အောင်မြင်မှု မရဘူး လို့မြင်မိတယ်။ဒါကြောင့် အဲရစ်အနေနဲ့ လက်ရွေးစင်လူငယ်အသင်းတွေ၊ လူငယ်စီမံကိန်းတွေ၊ ဘောလုံးသမားတွေရဲ့ နေထိုင်စား သောက်မှု၊ ကြံ့ခိုင်ရေးပိုင်ဆိုင်ရာတွေက အပါအဝင်ကဏ္ဍအသီးသီးမှာ ပရော်ဖက်ရှင်နယ်အဆင့်ရောက်အောင် ပိုမိုစနစ်ကျအောင် ကူညီဆောင် ရွက်ပေးဖို့ ပြောချင်ပါတယ်။ ဘယ်အသင်းတွေကို ရေရှည်စီမံကိန်းနဲ့ဆောင်ရွက်မယ်၊ ဘယ်အသင်းတွေကို ရေတိုစီမံကိန်းနဲ့ အောင်မြင်အောင်လုပ်မယ်။ ဘယ်လို ပြိုင်ပွဲတွေလိုအပ်တယ်ဆိုတာ အကြံပေးစေချင်ပါတယ်။ မြန်မာကစားသမားတွေအနေနဲ့ နည်းစနစ်ပိုင်း စိတ်ဓာတ်ပိုင်းမှာ တခြားနိုင်ငံတွေကို ယှဉ်လို့ရပါတယ်။ စည်းကမ်းပိုင်း၊ အဓိက နေထိုင်စားသောက်ပုံတွေ၊ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ ဘောလုံးကို မထိခိုက်အောင် ဘယ်လိုနေထိုင်စားသောက်မယ်၊ ဘယ်လိုကြိုးစားလေ့ကျင့်မယ်စတဲ့ ကိစ္စတွေမှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုမှုနေထိုင်မယ်ဆိုရင် မအောင်မြင်စရာအကြောင်းမရှိပါဘူး။ " လို့ ဦးဇော်ဇော်က ပြောခဲ့ပါတယ်။
Photo - MFF
လက်ရှိမှာတော့ ဒီအကြောင်းအရာတွေကို ဆောင်ရွက်ပေးဖို့ အဲရစ်ကို ၃ နှစ်စာချုပ်နဲ့ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ပြီး အဲရစ်အနေနဲ့ မြန်မာအသင်း တွေကို စတင်နည်းစနစ်ပိုင်း ကိုင်တွယ်ပေးဖို့ အနီးကပ်ဆုံး ပြိုင်ပွဲတွေလည်း ရှိနေပါတယ်။
အာရှ ယူ-၁၉ ခြေစစ်ပွဲ၊အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲစတဲ့ ပြိုင်ပွဲတွေ ရှိနေပြီး အဲရစ်ဘယ်လောက်ထိ စွမ်းဆောင်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။
Photo - MFF
တစ်ဆက်တည်းမှာပဲ ဦးဇော်ဇော်က အမျိုးသမီးအသင်းကလည်း အာဆီယ့မှာ အဆင့် တစ်ခုရှိပြီး ထပ် ကြိုးစားလိုက်မယ်ဆိုရင် အာရှအဆင့်ကို ဝင်နိုင်မယ်လို့ ယုံကြည်ရတာကြောင့် အမျိုးသမီးအသင်းအတွက်လည်း ကြိုးစားပေးစေချလိုကြောင်း ပြောခဲ့ပါသေးတယ်။