ဂျပန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌနဲ့ ဂျပန်နိုင်ငံမှာ တွေ့ဆုံပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဂျပန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ကာဇိုတာရှီးမားကို အာရှဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ၊မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် သွားရောက်တွေ့ဆုံပြီး မြန်မာ ကစားသမားတွေ ဂျေလိဂ်မှာ လာရောက် ကစားနိုင်ရေး ကိစ္စ သွားရောက်ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က အတည်ပြု သတင်းထုတ်ပြန်လာပါ တယ်။
မြန်မာနေရှင်နယ်လိဂ်က အလားအလာရှိတဲ့ မြန်မာကစားသမားတွေကို ဂျေလိဂ်မှာ သွားရောက် ကစားနိုင်စေ လိုတဲ့ ဆန္ဒနဲ့ အခုလို သွားရောက်ဆွေးနွေးတာလို့ သိရပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌကလည်း ကလပ် အသင်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ပြန်လည် အကြောင်းပြန်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
မြန်မာကစားသမားတွေအနေနဲ့ လက်ရှိမှာ ပြည်ပ ကလပ် ထွက်ကစားမှုအဖြစ် ထိုင်းလိဂ်ကို သွားရောက် ကစားနေကြပြီး ဒီနှစ်မှာတော့ လိဂ်-၃မှာ ဆွမ်လန်မန်၊လိဂ်-၂မှာ မြတ်ကောင်းခန့်နဲ့လိဂ်-၁မှာ အောင်ကောင်းမာန်၊ဇော်မင်းထွန်း၊ကျော်ကိုကိုတို့ ကစားနေကြပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဆန်ခါတင် ရွေးချယ်ထားသည့် မြန်မာ လူငယ် ကစားသမား စုစုပေါင်း ၂၅ ဦးကိုလည်း ဂျပန်နိုင်ငံကို လေ့ကျင့်ရေး ခရီးစဥ် အဖြစ် ပို့ဆောင် ပေးသွားမှာပါ။