ရာဂျူလိုဗစ်နေရာမှာ အစားထိုးခန့်အပ်ခဲ့တာပါ။

မနက်ဖြန်မှာ ရန်ကုန်မှာတွေ့မယ်လို့ အန်တိုနီဟေးက သူ့ရဲ့ တွစ်တာ စာမျက်နှာထက်မှာရေးသားဖော်ပြ ထားတာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် နည်းပြချုပ် ရာဂျူလိုဗစ်ကို ထုတ်ပယ်ခဲ့ပြီး နည်းပြသစ်အဖြစ် အရင် ၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲတုန်းက တာဝန်ယူခဲ့ဖူးတဲ့ ဂျာမနီလူမျိုး နည်းပြ အန်တိုနီဟေးကို အစားထိုးခန့်အပ်လိုက်တဲ့ သတင်းကို ဒီကနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘုတ်စာမျက်နှာထက်မှာဖော်ပြလာခဲ့တာ တွေ့ရ ပါတယ်။



ရာဂျူလိုဗစ်လက်ထက် မြန်မာအသင်းက ၂၀၂၂ ကမ္ဘာ့ဖလား ၃ ပွဲဆက် အရေးနိမ့်ခဲ့သလို ၃ ပွဲစလုံးမှာလည်း တစ်ဂိုးမှ မရခဲ့တဲ့အထိ တိုက်စစ်က ညံ့လွန်းခဲ့ပါတယ်။

ဒါကြောင့် နည်းပြချုပ်ကို စာချုပ်သက်တမ်းမပြည့်ခင်မှာပဲ နှစ်ဦးသဘောတူ လမ်းခွဲပြီး အန်တိုနီဟေးကို ပြန်ခန့် ခဲ့ရာမှာတော့ မနက်ဖြန် အောက်တိုဘာ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံကို အမြန်ဆုံး ရောက်လာမယ်လို့ သိရ ပါတယ်။

“မနက်ဖြန် ရန်ကုန်မှာ တွေ့ပါမယ်။ အခုလို ပံ့ပိုးပေးမှုတွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အင်မတန် ဂုဏ်ယူရပါတယ်။” လို့ အန်တိုနီဟေးက သူ့ရဲ့ တွစ်တာ စာမျက်နှာထက်မှာရေးသားဖော်ပြထားတာတွေ့ရ ပါတယ်။



အန်တိုနီဟေး အခုလို အစောဆုံး ရောက်လာရတာကလည်း မြန်မာအသင်းအနေနဲ့ လာမယ့် နိုဝင်ဘာ လထဲမှာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေအဖြစ် တာ့ခ်မင်နစ္စတန်၊မွန်ဂိုလီးယားအသင်းတွေနဲ့ ကစားဖို့ ရှိနေတာ ကြောင့် အသင်းကို အမြန်ဆုံးပြန်လည်ပြင်ဆင်ဖို့ လိုနေတာကြောင့်ဖြစ်ပါတယ်။

အန်တိုနီဟေးလက်ထက်မှာ မြန်မာအသင်းဟာ ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲကစားခဲ့ပြီး အုပ်စုနောက်ဆုံးပွဲမှာ မလေးရှားကို အရေးနိမ့်ခဲ့လို့သာ ဆီမီးဖိုင်နယ်နဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။



က္က