အသင်းကို စိတ်ကြိုက် ဖွဲ့စည်းစေမယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint
မြန်မာ့လက်ရွေးစင်အသင်းရဲ့ ယာယီနည်းပြချုပ် ဖြစ်လာတဲ့ ဦးမျိုးမင်းထွန်းကတော့ အသက် ၃၅ နှစ်(ဝီကီ) သာရှိ သေးတာကြောင့် လက်ရွေးစင်အသင်းအသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး နည်းပြလို့ ဆိုရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ မတ်လအတွင်း နိုင်ငံတကာ ခြေစမ်းပွဲများ ကစားဖို့ ရှိတဲ့ မြန်မာ့လက်ရွေးစင် အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ဖို့ ရန်ကုန်နည်းပြချုပ် ဦးမျိုးမင်းထွန်းကို ယာယီခန့်အပ်လိုက် ပြီလိုု့ မနေ့ညက သတင်းထုတ်ပြန်ခဲ့ပါတယ်။



မနေ့က ဥက္ကဌ ဦးဇော်ဇော်ဦးဆောင်တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီ အစည်းအဝေးကို နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ကြပြီး မစ္စတာအဲရစ်အပါအဝင်၊အဖွဲ့ချုုပ် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ မျိုးမင်းထွန်းကို အဓိကရွေးချယ်ဖြစ်ရတာကတော့ သူက မနှစ်ကလည်း လိဂ်ချန်ပီယံ ဖြစ်ထား တယ်၊အလားအလာလည်း ရှိတယ်၊ဒါကြောင့် နိုင်ငံတကာ အတွေ့အကြုံ ရစေချင်တယ်၊ နောက်ပြီး သူ့ရဲ့ အောင်မြင်မှုကိုလည်း ဂုဏ်ပြုပေးချင်တာကြောင့် အခုလို ရွေးချယ်လိုက်ရတာပါ။”လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် တွဲဖက်အထွေအထွေအတွင်းရေးမှူးနဲ့ နည်းစနစ်အကြံပေး ဦးတင်မြင့်အောင်က Duwun Sports ကို ပြော ပါတယ်။
အခုလို ဦးမျိုးမင်းထွန်းကို ရွေးချယ်စဉ်မှာ ဦးမျိုးမင်းထွန်းနဲ့အတူ ဆန်ကာတင်စာရင်းမှာ ရတနာပုံအသင်းနည်းပြ ဦးအောင်ကျော်မိုး၊စစ်ကိုင်းနည်းပြ ဦးဇော်လင်းထွန်း၊ရှမ်းနည်းပြ ဦးမင်းသူတို့ကိုလည်း ထည့်သွင်းစဉ်းစားထားပြီး အနာဂတ်အတွက်အားထားရမယ့် မြန်မာနည်းပြများအဖြစ် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးမျိုးမင်းထွန်းကို နည်းပြချုပ်အဖြစ် ယာယီ ခန့်အပ်တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းကတော့ ၂၀၁၈ ဆူဇူကီးအပြီးကတည်းက ဖွဲ့စည်းထားရခြင်းမရှိပဲ ဦးမျိုးမင်းထွန်း စိတ်ကြိုက် ပြန်လည်ဖွဲ့စည်းစေမယ်လို့လည်း သိထားရပါတယ်။ လာမယ့် မတ်လ ၁၉ ရက်နေ့မှာ တရုတ်(တိုင်ပေ)အသင်းနဲ့လည်းကောင်း၊မတ်လ ၂၅ ရက်နေ့မှာ အင်ဒိုနီးရှား အသင်းနဲ့လည်းကောင်း အသီးသီး ခြေစမ်းကစားသွားကြမှာ ဖြစ်ပြီး ခြေစမ်းပွဲ ၂ ပွဲစလုံးကိုတော့ မန္တလေးမြို့မှာ ကစားစေမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က