အသင်းအချို့ ဖိတ်ကြားခဲ့ပေမယ့် ကစားဖို့ ငြင်းဆန်ခဲ့တာ‌ကြာင့်ပါ။
Kyaw Ko Ko Sint

ဖိတ်ခေါ်ခဲ့တဲ့ အသင်းတွေက ကစားဖို့ အကြောင်းပြန်လာခြင်းမရှိတာကြောင့်ရယ်မြန်မာလိဂ်ရဲ့ ပွဲစဥ်ဇယား ‌ရေးဆွဲထားမှုရယ်၊ပြည်ပထွက်ကစားနေတဲ့ ကစားသမားတွေ ပြန်လာဖို့ ခက်တာရယ်ကြောင့် ခြေစမ်းပွဲ ဖျက်သိမ်း လိုက်တာလို့ သိရပါတယ်။

မတ်လ ၂၆ ရက်နေ့မှာ ကစားရမယ့် ဂျပန်အသင်းနဲ့ ၂၀၂၀ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ အာရှဖလား ခြေစစ်ပွဲမတိုင်မီ ခြေစမ်းပွဲ ၂ ပွဲခန့် ကစားနိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကနဦး စီစဥ်ခဲ့ပေမယ့်လည်း အခုအခါ မကစား ဖြစ်တော့ဘူးလို့ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက DuwunSportsကို ပြောလာပါတယ်။



မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ မတ်လထဲမှာ ကမ္ဘာ့ဖလားနဲ့အာရှဖလားခြေစစ်ပွဲ လက်ကျန်ပွဲတွေဖြစ်တဲ့ ဂျပန် အသင်းနဲ့အဝေးကွင်း၊ကာဂျစ်အသင်းနဲ့ အိမ်ကွင်းပွဲတွေ ကစားဖို့ ရှိနေတာပါ။

ဒီပွဲတွေမတိုင်ခင် မူလက ဖေဖော်ဝါရီလနဲ့မတ်လအတွင်းမှာ ခြေစမ်းပွဲ တစ်ပွဲစီ ကစားဖို့ စီစဥ်ထားတာ ဖြစ်ပြီး ဘာရိန်း၊အိုမန်နဲ့ယူအေအီးအသင်းတွေကို ချိတ်ဆက်ထားခဲ့တယ်လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

“သတင်းထွက်နေတဲ့အသင်းတွေကိုတော့ ချိတ်ဆက်ခဲ့ပါတယ်၊ဒါပေမယ့် သူတို့ဖက်က ကစားဖို့ အကြောင်း ပြန်လာခြင်းတော့ မရှိခဲ့ပါဘူး။ကျွန်တော်တို့အနေနဲ့လည်း ဖီဖာ ပြက္ခဒိန်ရက်မဟုတ်လို့ ခြေစမ်းပွဲချိတ်ရတာ ခက်ခဲခဲ့ပါတယ်။အခြားတစ်ဖက်မှာလည်း လိဂ်ပွဲစဥ်ဇယားနဲ့ အထူးသဖြင့် ပြည်ပကလပ်အသင်းထွက်ကစားနေသူ တွေကျတော့ ဖီဖာ ခြေစွမ်းပွဲကာလမှ တရားဝင် ပြန်လာလို့ရမှာဆိုတော့ တော်တော်လေး ခက်ခဲ့ပါတယ်။ ဒါကြောင့် နည်းပြကိုယ်တိုင်ကလည်း မကစားတော့ပဲ ခြေစစ်ပွဲပဲ တိုက်ရိုက် ကစားတော့မယ်လို့ ပြောလာ ပါတယ်။”လို့ ဦးကိုကိုသိန်းက DuwunSports ကို ပြောပါတယ်။

အိန်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ ဗီယက်နမ်၊ထိုင်းအသင်းတို့လည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကာလမတိုင်မီ ခြေစမ်းပွဲ ကစားရန် နိုင်ငံအချို့ကို ချိတ်ဆက်ခဲ့ပေမယ့်လည်း ကိုယ်စီ ခြေစမ်းပွဲတွေ ပျက်ပြယ်ခဲ့ရပါတယ်။

အကြောင်းကတော့ လတ်တလော ပျံ့နှံ့နေတဲ့ ကိုရိုနာဗီုင်းရပ်စ် အခြေအနေကြောင့်လို့ သိရပြီး မြန်မာ့လက်ရွေးစင် အသင်းခြေစမ်းပွဲ ပျက်ပြယ်မှုမှာတော့ ဒီအခြေအနေကြောင့် လာမကစားဖြစ်တာလို့တော့ ဖိတ်ကြားခံအသင်းတွေ ကပြောလာခြင်းမရှိဘူးလို့ ဦးကိုကိုသိန်းက ဖြေပါတယ်။

“ဒီအခြေအနေကြောင့်လည်း ပါရင်ပါမှာပေါ့၊ဒါပေမယ့် ကျွန်တော်တို့ကိုတော့ ဒီအခြေအနေကြောင့် လာမကစား ဖြစ်တာလို့တော့ မပြောပါဘူး။ဖီဖာရက် မဟုတ်တဲ့အတွက် ကစားသမားတွေအားလုံး လိဂ်ပြိုင်ပွဲတွေ ရှိနေတဲ့အ အပေါ် အဆင်မပြေကြလို့ မကစားဖြစ်တာလို့ပဲ ဖြစ်ပါတယ်။”လို့ ဦးကိုကိုသိန်းက ဆက်လက်ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာမြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ နိုင်ငံတကာခြေစမ်းပွဲ လုံးဝ ကစားတော့မှာမဟုတ်ပဲ မတ်လ ၂၆ ရက်နေ့မှာ ကစားမယ့် ဂျပန်အသင်းနဲ့ အဝေးကွင်း ခြေစစ်ပွဲစဥ်ကို တိုက်ရိုက်သွားကစားတော့မှာပါ။

အဲ့ဒါပြီးရင်တော့ ကာဂျစ်အသင်းနဲ့ ခြေစမ်းပွဲကိုတော့ မန္တလေးမြို့ မန္တလာသီရိကွင်းမှာ မတ်လ ၃၁ ရက်နေ့၌ အိမ်ကွင်းဧည့်ခံ ကစားမှာပါ။

မြန်မာ့လက်ရွေးစင်အသင်းကတော့ လက်ရှိ ၂၀၂၀ကမ္ဘာ့ဖလား ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု(စ)မှာတော့ ၅ ပွဲ ကစား ၂ ပွဲနိုင် ၃ ပွဲရှုံး ၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။


Author


က္က