ဂိုးသမားတစ်ဦးပါ။

မြန်မာလူမျိုး ဖခင်နဲ့ ထိုုင်းလူမျိုး မိခင်တို့မှ မွေးဖွားလာသူဖြစ်ပြီး ထိုင်းစကားတစ်ခုတည်းသာ ပြောတတ် တယ်လို့လည်း သိရပါတယ်။

မြန်မာယူ-၁၆ အသင်းကတော့ အာရှ ယူ-၁၆ ခြေစစ်ပွဲအဖြစ် ဒီကနေ့မှာ ထိုင်းယူ-၁၆ အသင်းနဲ့ ကစားဖို့ ရှိနေ ပါတယ်။


မြန်မာအသင်းပါဝင်တဲ့အုပ်စုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အုပ်စုတွင်း မှာတော့ တောင်ကိုရီးယား၊တရုတ်(တိုင်ပေ)စတဲ့အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။

ဒီကနေ့မှာတော့ မြန်မာအသင်းနဲ့ကစားမယ့် ထိုင်းယူ-၁၆ အသင်းရဲ့ ကစားသမားစာရင်းမှာ မြန်မာလူမျိုး ကစား သမားတစ်ဦးပါဝင်လာတယ်လို့ ထိုင်းလက်ရွေးစင်အသင်းရဲ့ အကြံပေးအရာရှိ စူဖာနပ်ခ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

“ ဒီကနေ့ ကစားမယ့်အသင်းရဲ့ အဓိက ဂိုးသမားအဖြစ် သူ့ကို ဖမ်းဖိုု့ ကျွန်တော် ရွေးချယ်ထားပါတယ်။ လေ့ ကျင့်ရေးမှာ ဒဏ်ရာမရရင်တော့ စီစဉ်ထားတဲ့အတိုင်းပဲ သူကစားပါလိမ့်မယ်။သူ့နာမည်ကတော့ Phume လို့ ခေါ်ပါတယ်။” လို့ အကြံပေးအရာရှိ စူဖာနပ်ခ်က ပြောပါတယ်။


ဂိုးသမားလေး Phume ရဲ့ အဖေက မြန်မာလူမျိုး တစ်ဦးဖြစ်ပြီး မိခင်ကတော့ ထိုင်းလူမျိုး တစ်ဦး ဖြစ်တယ်လို့ သိရပြီး Phume ကတော့ ထိုင်းစကားပဲ ပြောတတ်တယ်လို့လည်းသိရပါတယ်။

အိမ်ခေါ်နာမည်ကတော့ ဖိုးသားလို့ သိရပြီး စူဖာနပ်ခ်ကတော့ ထိုင်းလက်ရွေးစင် ယူ-၁၆ အသင်းနဲ့အတူ ဒီကနေ့မှာမြန်မာ့လက်ရွေးစင်အသင်းကိ ပြန်လည်ရင်ဆိုင်တော့မှာလည်း ဖြစ်ပါတယ်။

အာရှ ယူ-၁၆ခြေစစ်ပွဲကတော့ အုပ်စုဗိုလ်တစ်သင်းတည်းသာ သေချာပေါက် နောက်တစ်ဆင့် တက်မှာဖြစ်ပြီး အကောင်းဆုံးအုပ်စု ဒုတိယရ အသင်း ၄သင်းလည်း နောာက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က