ဒီကနေ့ညနေ မြန်မာစံတော်ချိန် ၃ နာရီခွဲမှာ ကစားမှာပါ။
Kyaw Ko Ko Sint

မြန်မာအသင်းကတော့ အုပ်စုတွင်းမှာ အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊တီမော၊ဘရူနိုင်း၊လာအိုအသင်းတို့နဲ့ တစ်အုပ်စု တည်းကျရောက်နေပါတယ်။

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်တွေကို ဒီကနေ့မှာယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး မြန်မာအသင်းကတော့ လာအိုအသင်းနဲ့ စတင်ကစားရပါမယ်။



မြန်မာအသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက တာဝန်ယူကိုင်တွယ်နေပြီး ယခုအသင်းက အာရှယူ-၁၉ ခြေစစ်ပွဲကစားဖို့အထိ ရည်ရွယ်ပြင်ဆင်ထားတာလို့လည်းသိရပါတယ်။


ယခုကျင်းပနေတဲ့ ပြိုင်ပွဲကိုတော့ NEXT MEDIA CUP 2019 အမည်နဲ့ ကျင်းပနေတာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်အထိ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်လို့အမည်တွင်နေရာမှ မနှစ်က စတင်ပြီး ယူ-၁၈ ပြိုင်ပွဲအဖြစ် ပြောင်းလဲ ကျင်းပ ခဲ့တာပါ။

မြန်မာ ယူ-၁၈ အသင်းကတော့ မနှစ်က ပြိုင်ပွဲမှာ ဗိုလ်လုပွဲထိ တက်လှမ်းနိုင်ခဲ့ပေမယ့် မလေးရှားကို ၄-၃ ဂိုးနဲ့ အရေးနိမ့်ပြီး ချန်ပီယံဆုနဲ့ လွဲချော်ထားပါတယ်။

ဒီနှစ်မှာတော့ အုပ်စုတွင်းပြိုင်ဖက်တွေ အဖြစ်အုပ်စု(က)မှာ လာအို၊အင်ဒိုနီးရှား၊တီမော၊ဖိလစ်ပိုင်၊ဘရူနိုင်းတို့နဲ့ ကျရောက်နေ ပြီး အဖွင့်ပွဲအဖြစ် ဒီကနေ့ သြဂုတ်လ (၆)ရက် မြန်မာစံတော်ချိန် ၃ နာရီခွဲမှာ လာအိုအသင်းနဲ့ လည်းကောင်း၊ ၈ ရက်နေ့မှာ ဖိလစ်ပိုင်၊၁၀ ရက်နေ့မှာ တီမော၊၁၂ရက်နေ့မှာ ဘရူနိုင်း၊၁၄ ရက်နေ့မှာ အင်ဒိုနီး ရှားတို့နဲ့ ကစားရမှာ ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ သြဂုတ် ၁၇ နဲ့ ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲတွေကို သြဂုတ် ၁၉ မှာ ဆက်လက်ကစားကြမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က