သြဂုတ်လ ၁၀ရက်နေ့က စတင်ဝင်ရောက်ရမှာပါ။
Kyaw Ko Ko Sint

သြဂုတ်လ ၁၀ရက်နေ့က စတင်ပြီး Camp Quarantine ဝင်ရမှာ ဖြစ်ကာ လိဂ်(၁)အသင်းတွေသာ ကမ့်ဝင်ရမှာ ဖြစ်ပြီး လိဂ်(၂)အသင်းတွေ မပါဝင်သေးဘူးလို့သိရပါတယ်။

ဓာတ်ပုံ - ဟံသာဝတီယူနိုက်တက်



ကိုဗစ်ကြောင့် ရပ်နားထားရတဲ့ မြန်မာနေရှင်လိဂ် ပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိရာ မှာ ယခုအခါမှာတော့ ပြိုင်ပွဲဝင်အသင်းတွေကို ပြိုင်ပွဲမစတင်မီ Camp Quarantine စတင်ထားရှိသွားတော့မယ် လို့ သိရပါတယ်။

မြန်မာနေရှင်လိဂ်ပြိုင်ပွဲကို ကျင်းပခွင့်ပြုတာ မဟုတ်သေးပဲ ပြိုင်ပွဲဝင် လိဂ်(၁)က အသင်း ၁၀သင်းရဲ့ ကစားသာမား၊ အုပ်ချုပ်၊နည်းပြ စုစုပေါင်း အများဆုံး ၃၀ ကို သြဂုတ်လ ၁၀ရက်နေ့မှစတင်ကာ Camp Quarantine ထားရှိသွားမှာ ဖြစ်ပြီး ကိုဗစ် ရှိမရှိ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမှု ကနဦး လုပ်ဆောင်သွားမယ်လို့လည်း မြန်မာနေရှင်နယ်လိဂ် စီအီး အို ဦးစိုးမိုးကျော်က Duwun ကိုပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲကျင်းပခွင့်ပေးတာနဲ့တပြိုင်နက်တည်း စတင်နိုင်အောင် အခုချိန်မှာ ပြိုင်ပွဲဝင်အသင်းတွေ ကို Camp Quarantine စတင်ဝင်စေမှာဖြစ်ပါတယ်။သူတို့အနေနဲ့ သြဂုတ်လ ၁၀ရက်နေ့ကစတင်ပြီး ပြိုင်ပွဲပြီးတဲ့အ ထိ Camp Quarantineမှာပဲ နေထိုင်ရမှာြဖစ်ပြီး လိုအပ်တဲ့ လေ့ကျင့်ရေးပိုင်းနဲ့ အသုံးအဆောင်တွေကို လိဂ်ကော်မ တီနဲ့ အဖွဲ့ချုပ်ဖက်က ပံ့ပိုးကူညီပေးသွားမှာပါ။”လို့ ဦးစိုးမိုးကျော်က ပြောပါတယ်။

ဓာတ်ပုံ - မြန်မာနေရှင်နယ်လိဂ်

အခု Camp Quarantine ဝင်ရောက်တဲ့အသင်းတွေက လိဂ်(၁)အသင်းတွေသာ ဖြစ်ပြီး လိဂ်(၂)အသင်းတွေ မပါဝင် သေးဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် စုစုပေါင်း ၁၀သင်းအနက် ရန်ကုန်ယူနိုက်တက်နှင့်အား/ကာသိပ္ပံအသင်းတို့ကတော့ ၎င်းတို့ရဲ့ ကိုယ်ပိုင် အဆောင်တွေမှာသာ သတ်မှတ်စည်းကမ်းနဲ့အညီ Camp Quarantine ဝင်ရောက်ယှဥ်ပြိုင်သွားမယ်လို့လည်း သိရပါ တယ်။

“ရန်ကုန်နဲ့ အား/ကာသိပ္ပံကလွဲပြီး ကျန် ၈သင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပိုင် လက်ရွေးစင်အသင်း Hostel များကို ယာယီTeam Camp များအဖြစ် အခမဲ့အသုံးပြုနေထိုင်နိုင်ရန်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ လုပ် ဆောင်ပေးထားပါတယ်။လေ့ကျင့်ရေးအတွက်လည်း MFFပိုင် မြက်ခင်းတုကွင်းတွေကို အခမဲ့ အသုံးပြုခွင့်ပေးသွား မှာပါ။”လို့ ဦးစိုးမိုးကျော်က ဆက်လက်ပြောပါတယ်။

မြန်မာနေရှင်လိဂ်ပြိုင်ပွဲဝင်အသင်း ၁၀သင်းစလုံးအပါအဝင် ဒိုင်လူကြီးတွေအားလုံးဟာ သြဂုတ်လ ၁၀ရက်နေ့က စတင်ပြီး သက်ဆိုင်ရာ Camp Quarantineမှာသာ လက်ကျန် ၂၀၂၀ မြန်မာနေရှင်လိဂ် ပြိုင်ပွဲပြီးဆုံးတဲ့အထိ နေထိုင် သွားရမှာလို့လည်းသိရပါတယ်။

ပြိုင်ပွဲကျင်းပနေစဥ်ကာလနှင့် Camp Quarantine ဝင်နေစဥ်ကာလတွေမှာ အပြင်လူ လုံးဝ ဝင်ရောက်ခွင့်မရှိသလို ကမ့် ဝင်နေသူတွေဟာလည်း အပြင်ကို ထွက်ခွင့်ရမှာမဟုတ်ပဲ အစားအသောက်များကိုမူ မိမိတို့အစီအစဥ်ဖြင့် အော် ဒါများ မှာယူစားသောက်ရမယ်လို့လည်း သိရပါတယ်။

“အစားအသောက်ကလွဲပြီး ကျန်တဲ့ အပိုင်းအားလုံးကို လိဂ်နဲ့ အဖွဲ့ချုပ်က ကူညီပေးထားတယ်။ အစားအသောက်ကို လည်း အပြင်ထွက်တော့ စားလို့မရဘူး၊တစ်နေရာရာကနေ လာပို့ပေးတာမျိုး။အော်ဒါမှာစားတာမျိုးပဲလုပ်ခွင့်ရှိပါ တယ်။”လို့ ဦးစိုးမိုးကျော်က ပြောပါတယ်။

မြန်မာနေရှင်လိဂ်ပြိုင်ပွဲကို ကိုဗစ်ကြောင့် ရပ်နားထားရာမှာ ယခု ဒုတိယအကျော့ ပြန်လည်မစတင်ခင်မှာပဲ မူလ ၁၂သင်းအနက် ဇွဲကပင်ယူနိုက်တက်နှင့်ချင်းယူနိုက်တက်အသင်းတို့ ပြိုင်ပွဲမှ နှုတ်ထွက်သွားတာကြောင့် လက်ကျန် ၁၀သင်းသာ ကျန်ပါတော့တယ်။

လက်ကျန် ၁၀သင်းကိုမူ နှုတ်ထွက်သွားတဲ့အသင်းတွေနဲ့ တွေ့ဆုံထားတဲ့ ရလဒ်၊ရဂိုး၊ပေးဂိုး စတဲ့ ရလဒ်အားလုံး ပြန် လည်ဖယ်ရှားပြီး အမှတ်ပေးဇယားကို ပြန်လည် ရေးဆွဲသွားမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ ဟံသာဝတီယူနိုက်တက် အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က