မူလက ၃ရက်တစ်ပွဲနှုန်း ကစားနေတာပါ။
Kyaw Ko Ko Sint

ကိုဗစ်ကာလအတွင်း ပြန်လည်စတင်ခဲ့ရာမှာတော့ ၃ရက်တစ်ပွဲနှုန်း ကစားနေတာ ဖြစ်ပြီး ယခုနှစ် ၂ရက် တစ်ပွဲ နှုန်း ဖြစ်သွားလို့ အောက်တိုဘာ ၁ရက်နေ့မှာ ပြိုင်ပွဲပြီးဆုံးပါမယ်။

ပြောင်းလဲလိုက်တဲ့ ပွဲစဥ်ဇယားအသစ်

ကျင်းပလျက်ရှိတဲ့ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ကိုဗစ်ကြောင့် မူလက ရပ်နားထားရာမှ ပြန်လည်ကျင်းပ လာရာမှာ ယခုဆိုရင် ပြိုင်ပွဲပြီးဆုံးဖို့ ၃ပွဲသာ ကျန်ပါတော့တယ်။



ကိုဗစ်ကာလ သတ်မှတ်စည်းကမ်းတွေနဲ့အညီ ပြန်လည်ကျင်းပလာရာမှာ ယခင် တစ်ပတ် တစ်ပွဲနှုန်းအစား ၃ရက် တစ်ပွဲနှုန်းနဲ့ ပြိုင်ပွဲကို အမြန်ဆုံး ပြီးမြှောက်အောင် ကျင်းပလာပါတယ်။

ဒါပေမယ့်လည်း ကိုဗစ် ဒုတိယလှိုင်းက မြန်မာနိုင်ငံမှာ မြင့်မားစွာ ကူးစက်ပျံ့နှံ့နေတာကြောင့် မြန်မာနေရှင်နယ် လိဂ် ပြိုင်ပွဲကို မူလ သတ်မှတ်ထားတဲ့ အောက်တိုဘာ ၃ရက်နေ့ နောက်ဆုံး ကျင်းပမယ့် ပွဲစဥ်ဇယားအစား အောက်တိုဘာ ၁ရက်နေ့မှာ အပြီးသတ် ကျင်းပဖို့ ပွဲစဥ်ဇယားကို ပြောင်းလဲလိုက်ပါတယ်။

မူလရေးဆွဲထားတဲ့ ပွဲစဥ်ဇယား

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ကိုဗစ်ကာလ အစိုးရခွင့်ပြုချက်နဲ့ ကိုဗစ်နဲ့အညီ ပြန်လည်ကျင်းပရာမှာ ပွဲစဥ် အားလုံးကို ရန်ကုန်မှာသာ ကျင်းပနေပြီး ပရိသတ်တွေ မပါဝင်ပဲ ကစားနေစေပါတယ်။

ရန်ကုန်က သုဝဏ္ဏ၊Y.U.S.C၊ပဒုမ္မာကွင်း ၃ကွင်းမှာ ကျင်းပနေပြီး အိမ်ကွင်း အဝေးကွင်းအဖြစ် နယ်ကွင်းတွေမှာ ကစားခြင်းကို ရပ်နားထားခဲ့ပါတယ်။

လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုအရ ဧရာဝတီယူနိုက်တက်အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေပါ တယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Kyaw Ko Ko Sint

    Content Editor/Reporter


က္က