ပြန်လည်ကျင်းပမယ့်ရက်ကိုတော့ မထုတ်ပြန်ပေးသေးပါဘူး။

လိဂ်(၁)ကို သြဂုတ် ၂၂က ပြန်လည်စတင်ရာမှာ ကိုဗစ်သတ်မှတ်စည်းကမ်းတွေနဲ့အညီ ပြိုင်ပွဲဝင်အသင်းအားလုံး ကွာရန်တင်းဝင်နေစသလို ဘောလုံးပွဲတွေကိုလည်း ကွင်းပိတ်ကစားနေစေတာပါ။

ကိုဗစ်ကြောင့် ရပ်နားထားရတဲ့ မြန်မာနေရှင်နယ်လိဂ်(၂)ပြိုင်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ကျင်းပဖို့ အစိုးရက ခွင့်ပြုထားပြီ ဖြစ်တယ်လို့ မြန်မာနေရှင်နယ် လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က DuwunSporrtsကို ပြောပါတယ်။



မြန်မာနေရှင်နယ်လိဂ်(၂)ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်အသင်း ၈သင်းရှိပြီး ပထမအကျော့ကစားအပြီးမှာ ကိုဗစ်ကြောင့် ရပ်နားထားခဲ့ရတာပါ။

“အစိုးရဖက်ကတော့ ကျန်းမာရေးနဲ့အညီ စီမံဆောင်ရွက်ပြီး ပြန်လည်ကျင်းပဖို့ ခွင့်ပြုထားပါတယ်။ဒါပေမယ့် ဘယ်အချိန်ပြန်စမလဲဆိုတာကတော့ အ‌သေးစိတ် ဆက်လက်ဆောင်ရွက်ရဖို့ ရှိပါသေးတယ်။”လို့ ဦးစိုးမိုးကျော် က ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနေရှင်နယ်လိဂ်(၁)ပြိုင်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်စည်းကမ်း ချက်တွေနဲ့အညီ ပြန်လည်ကျင်းပခွင့်ရနေပြီဖြစ်ပါတယ်။

ပြိုင်ပွဲဝင်အသင်း ၁၀သင်းအနေနဲ့ ပြိုင်ပွဲမဝင်ခွင့် ကိုဗစ်ဓာတ်ခွဲနမူနာယူကြရပြီး ကစားသမားနှင့်နည်းပြအဖွဲ့ဝင် အားလုံး ကိုဗစ်ကင်းစင်လို့ ပြိုင်ပွဲကို ပြန်လည်ကျင်းပခွင့်ပြုထားတာပါ။

ပြိုင်ပွဲဝင်အသင်း၁၀သင်းအနက် ရန်ကုန်နဲ့အား/ကာသိပ္ပံအသင်းတို့ကလွဲပြီး ကျန် ၈သင်းကို အဖွဲ့ချုပ်နဲ့လိဂ်က တာဝန်ယူပြီး ကမ့်ကွာရန်တင်းထားရှိစေကာ ပြိုင်ပွဲပြီးဆုံးတဲ့အထိ နေထိုင်စေလျက်ရှိပါတယ်။

လိဂ်(၂)ကိုလည်း လိဂ်(၁)နည်းတူ လုပ်ဆောင်ရမယ်လို့ ကနဦးသိထားရပြီး ပြိုင်ပွဲစတင်ကျင်းပမယ့်နေ့ကိုတော့ မသိရသေးပါဘူး။

မြန်မာနေရှင်နယ်လိဂ်(၁)ပြိုင်ပွဲကို ဆက်လက်ကျင်းပနေတာ ပွဲစဥ် ၁၁ပြီးဆုံးခဲ့ပြီဖြစ်ပြီး သုဝဏ္ဏ၊YUSC၊ပဒုမ္မာကွင်း ၃ကွင်းမှာသာ ကျင်းပနေတာပါ။

အိမ်ကွင်းအဝေးကွင်းပုံစံမျိုးကျင်းပခွင့်မရပဲ ကြားကွင်းအဖြစ် အဆိုပါ ကွင်း၃ကွင်းမှာသာ မဲစနစ်နဲ့ ကျရာကွင်းမှာ ကစားနေစေကာ ပရိသတ်ဝင်ရောက်ကြည့်ရှုခွင့်တော့ မရှိပါဘူး။

လိဂ်(၁)မှာ မူလ ၁၂သင်းရှိတဲ့အနက် ဇွဲကပင်နဲ့ချင်းယူနိုက်တက်အသင်းတို့ နုတ်ထွက်သွားလို့ ၁၀သင်းသာ ကျန် တော့ကြောင့် တန်းတက်၊တန်းဆင်းစနစ်ကိုလည်း လိဂ်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ပြန်လည်ထုတ် ပြန်ပေးမယ်လို့ သိထားရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က