ဟံသာဝတီအသင်းက ရမှတ် ၂၇မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
Kyaw Ko Ko Sint

ဟံသာဝတီအသင်းအနေနဲ့ ဧရာဝတီအသင်း သရေကျချိန်နဲ့ရန်ကုန်အသင်း နိုင်နေချိန်မှာ အားကာသိပ္ပံအသင်းကို ခက်ခက်ခဲခဲကစားခဲ့ရပြီး မိနစ် ၉၀မှာရတဲ့ ပင်နယ်တီကြောင့် အဖိုးတန် ၃မှတ်နဲ့ အမှတ်ပေးဇယားကို လွတ်လွတ် ကျွတ်ကျွတ် ဆက်လက်ဦးဆောင်နိုင်ခဲ့တာပါ။

မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် ၁၂ကို ကျင်းပပြီးစီးခဲ့ချိန်မှာ အမှတ်ပေးဇယားတစ်နေရာမှ အပြောင်းအလဲ မရှိခဲ့ပါဘူး။

အမှတ်ပေးဇယားထိပ်ဆုံးက ဟံသာဝတီက အား/ကာသိပ္ပံအသင်းကို ၁-၀နဲ့လည်းကောင်း၊ရန်ကုန်က ရတနာပုံကို ၃-၁နဲ့လည်းကောင်း၊ရှမ်းကစစ်ကိုင်းကို ၅-၁နဲ့လည်းကောင်း အသီးသီးအနိုင်ရခဲ့ကြပြီး ဧရာဝတီနဲ့ဆောက်သမ်း၊ရ ခိုင်နဲ့မကွေးအသင်းတို့ သရေကျခဲ့ကြပါတယ်။

ဟံသာဝတီအသင်းက နိုင်ပွဲကြောင့် ရမှတ် ၂၇နဲ့ ဒုတိယနေရာက သရေကျသွားတဲ့ ဧရာဝတီကို ၃မှတ်ထိ အမှတ်ဖြတ်နိုင်ခဲ့ပါတယ်။

အဆင့်၃မှ ရန်ကုန်အသင်းကလည်း နည်းပြသစ်နဲ့အတူ မြန်မာဒါဘီမှာ ရတနာပုံကို အနိုင်ရလိုက်လို့ ဒုတိယနေရာက ဧရာဝ တီနဲ့ ၄မှတ်သာ ကွာပါတော့တယ်။

အဆင့် ၄မှ ရှမ်းကလည်း အဆင့် ၇က စစ်ကိုင်းကို နိုင်လိုက်လို့ အပေါ်အသင်းတွေနဲ့ အမှတ်မကွာအောင် ဆက်လက် ဖိအားပေးနိုင်ဆဲ ဖြစ်ပါတယ်။

အဆင့် ၅မှ ရခိုင်သရေကျလို့ ၁၄မှတ်ထိရလာလို့ အဆင့် ၆နဲ့၇က ရတနာပုံနဲ့စစ်ကိုင်း ကို ၄မှတ်ထိ အမှတ်တူ ဖြတ်ထားနိုင်ပါတယ်။စစ်ကိုင်းကတော့ ဂိုးကွာခြားချက်ကြောင့် ရတနာပုံနဲ့ ၁၀မှတ်တူပေမယ့် အဆင့် အောက် ရောက်နေတာပါ။

လာမယ့်အပတ်မှာတော့ ဆောက်သမ်းနဲ့ဟံသာဝတီ၊အားကာသိပ္ပံနဲ့ရတနာပုံ၊မကွေးနဲ့ဧရာဝတီ၊စစ်ကိုင်းနဲ့ရန်ကုန်၊ ရခိုင်နဲ့ရှမ်းအသင်းတို့ ဆက်လက်ကစားကြပါမယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က