ဒီနေ့ညနေ ကစားမှာပါ။
Kyaw Ko Ko Sint

ဗီယက်နမ် အသင်းကတော့ ၂၀၁၉ အာဆီယံပြိုင်ပွဲမှာ မြန်မာကို ၄-၀ နဲ့ နိုင်ထားသလို ပြီးခဲ့တဲ့ ဆီးဂိမ်းတုန်းကလည်း ချန်ပီယံ ဖြစ်ထားတာ ဖြစ်ပါတယ်။

ဒီကနေ့ညနေမှာ ကစားမယ့် မြန်မာအသင်းနဲ့ ၂၀၂၀ တိုကျိုအိုလံပစ် ခြေစစ်ပွဲ နောက်ဆုံးအဆင့် အုပ်စုအဖွင့်ပွဲစဥ် အတွက် ယုံကြည်မှု အပြည့်ရှိတယ်လို့ ဗီယက်နမ်နည်းပြ မိုင်ဒက်ချန်က ပြောလာတဲ့အကြောင်း Vietnam+ သတင်းဌာနက ဖော်ပြလာပါတယ်။



ဗီယက်နမ်အသင်းအနေနဲ့ မြန်မာအသင်းနဲ့ပွဲမှာ အနိုင်ရရုံနဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ ဆီမီးဖိုင်နယ်ပွဲကို ဆက်လက် ကစားခွင့်ရသွားမှာပါ။



“ အခုကစားမယ့် မြန်မာအသင်းနဲ့ပွဲမှာ အနိုင်ကစားနိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ်က Play-Off အဆင့်ကို ကစားခွင့်ရဖို့ပါ။အခုလည်း မြန်မာနဲ့ပွဲကိုအရမ်းကစားချင်နေပါပြီ။ပြီးခဲ့တဲ့ AFF CUP 2019 ပွဲတုန်းက မြန်မာနဲ့ပွဲမှာ ရလဒ်ကောင်းထားလို့ ဒီတစ်ကြိမ်လည်း နိုင်မယ်လို့ ယုံကြည်မှုရှိနေပါ တယ်။ ”လို့ ဗီယက်နမ် နည်းပြက ပြောသွားတာပါ။

ဗီယက်နမ်ကတော့ပြီးခဲ့တဲ့ အာဆီယံ ၂၀၁၉ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ပြီး အဲ့ဒီတုန်းက အုပ်စုတွင်းမှာ မြန်မာကို ၄-၀ နဲ့ အနိုင်ယူထားပါတယ်။

ဒါ့အပြင် ၂၀၁၉ ဆီးဂိမ်းတုန်းကလည်း ချန်ပီယံ ဖြစ်ထားပြီး အဲ့ဒီတုန်းကတော့ မြန်မာနဲ့ မတွေ့လိုက်ရပဲ မြန်မာအသင်းကတော့ အခု အိုလံပစ် အုပ်စုအဖွင့်ပွဲမှာလည်း အိမ်ရှင် တောင်ကိုရီးယားကို ၇-၀ဂိုးနဲ့ ရှုံးထားပါတယ်။


Author


က္က