ရန်နိုင်ဦးကို အလွတ်ထွက်ခွာခွင့်ပြုခဲ့ရတာပါ။
Kyaw Ko Ko Sint

ရန်နိုင်ဦးနဲ့အသင်းကြား စာချုပ်ကိစ္စ ညှိမရလို့ရန်ကုန်အသင်းကို အလွတ်ပြောင်းရွှေ့သွားတာ ဖြစ်ပြီး ရန်ကုန် အသင်းမှာ အမြန်ဆုံးအသင်းနဲ့ အံဝင်ကာ ကွင်းလယ်မှာ အကောင်းဆုံး ကစားနေနိုင်သူပါ။


အားထားရတဲ့ ကွင်းလယ်ကစားသမား ရန်နိုင်ဦးကို လက်လွှတ်ဆုံးရှုံးလိုက်ရလို့ အသင်းအတွက် ထိခိုက်နစ်နာမှု မရှိဘူးလို့ ရှမ်းနည်းပြချုပ် ဦးအောင်နိုင်က ရခိုင်ကိုအနိုင်ရရှိခဲ့တဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါ တယ်။

“ကစားသမားအနေနဲ့လိုအပ်ချက်ရှိပါတယ်။ဒါပေမယ့် မရှိလည်း ဖြစ်တယ်။မြန်မာပြည်ကစားသမားတွေက မကွာ ကြပါဘူး။အဓိကက ကြိုးစားမှုပါပဲ အသင်းမှာရှိပြီး မကစားရင် ဘာမှ လုပ်လို့မရပါဘူး။သူ့နေရာမှာ ရဲရင့်ထွန်း ဝင် ကစားတယ်။သူ့လောက်မဟုတ်ရင်တော့ သူ့လောက်နီးနီး ကစားသွားနိုင်ပါတယ်။”လို့ ဦးအောင်နိုင်က သုံးသပ် ပြောပါတယ်။

ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက်

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား ရန်နိုင်ဦးက ရှမ်းယူနိုက်တက်အသင်းကနေ ရန်ကုန်ယူနိုက်တက် အသင်းကို အလွတ်ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပြီး အသင်းနဲ့ အမြန်ဆုံးအထိုင်ချ ကစားနေနိုင်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းကတော့ ကိုဗစ်အလွန် ပြန်လည်စတင်တဲ့ မြန်မာနေရှင်လိဂ် ၂ပွဲဆက်ကို အနိုင်ရရှိထားပြီး လာမယ့်အပတ်မှာ စစ်ကိုင်းအသင်းနဲ့ တွေ့ဆုံနေပါတယ်။

လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် အခြေအနေမှာ ထိပ်ဆုံးက ဟံသာ ဝတီနဲ့ ၇မှတ်ထိ အမှတ်ပြတ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က