Yangon Leagueမှာ ကစားဖို့ လုပ်ဆောင်ပြီးမှ အသင်းအချို့ရဲ့ ကန့်ကွက်မှုကြောင့် ကစားခွင့်မရတော့တာပါ။

Yangon League မှာ ပါဝင်ကစားနေတဲ့ ပရော်ဖက်ရှင်နယ် အက်ဖ်စီအသင်းနဲ့အတူ ပါဝင်ကစားဖို့မူလက စီစဉ် ပေးပြီးမှ ကန့်ကွက်တဲ့အသင်းအချို့ ရှိလာတာကြောင့် ပါဝင်ခွင့်မရခဲ့တဲ့အပေါ်မှာ သက်နိုင်က အခုလို မေးခွန်းထုတ်လိုက်တာပါ။

မြန်မာ့လက်ရွေးစင် မသန်းစွမ်းဘောလုံးသမား သက်နိုင်က သူ့လို့ မသန်စွမ်းတစ်ယောက်နဲ့ ဘောလုံးယှဉ်မက စားချင်ကြလို့ အပျော်တမ်းလိဂ်ပြိုင်ပွဲမှာ ဝင်ကစားမယ့်အပေါ် ကန့်ကွက်ကြတလားလို့ သူ့ရဲ့ လူမှု ကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာထက်မှာရေးသားပြီး မေးခွန်းထုတ်လိုက်ပါတယ်။



သက်နိုင်က Yangon League ပြိုင်ပွဲကို ပရော်ဖက်ရှင်နယ် အက်ဖ်စီအသင်းနဲ့အတူ ပါဝင်ကစားဖို့ ဆောင်ရွက်ခဲ့ ပေမယ့်လည်း အသင်းတချို့က ကန့်ကွက်မှုကြောင့်ကစားခွင့်မရပဲ ရှိခဲ့သူပါ။

Yangon League ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ကိုဇွဲလှိုင်မှီက - “ ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲမှာ အပျော်တမ်းကစားသမား စစ်စစ်တွေကိုသာ ဝင်ရောက် ကစားခွင့်ပြုထားပေမယ့် မသန်စွမ်းလက်ရွေးစင် သက်နိုုင်ကိုတော့ အခွင့်အရေးပေးချင်လို့ ပါဝင်ခွင့်ပြုခဲ့တာပါ။ သူက လက်ရွေးစင်ဆိုပေမယ့် မသန်စွမ်းပါ၊ဒါကြောင့် ပါဝင်ခွင့်ပေးတဲ့အကြောင်း အခြား ပြိုင်ပွဲဝင်အသင်း ၆သင်းလောက်ကို အသိပေးပြီး ဖြစ်ချိန်မှာ ၂ သင်းလောက်က ကန့်ကွက်လာပါတယ်။သူတို့ကတော့ လက်ရွေးစင်အဆင့်ဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့” လို့ DuwunSportsကိုပြောပါတယ်။

သက်နိုင်က မြန်မာ့လက်ရွေးစင် မသန်စွမ်းဘောလုံးသမားတစ်ဦးဖြစ်ပြီး အပျော်တမ်းလိဂ်ပြိုင်ပွဲမှာ သူပါဝင် ကစားလာမယ့်အပေါ်မှာတော့ အချက် ၆ ချက်ပေါ် မူတည်ပြီး မေးခွန်းတွေ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါ တယ်။

ဒီအချက် ၆ ချက်ကတော့ အခြားမသန်စွမ်းကစားသမားတွေပါဝင်ခွင့်ရှိရေး မရှိရေး၊ လက်ရွေးစင်ဖြစ်တဲ့အတွက် အပျော်တမ်း ပြိုင်ပွဲရဲ့စည်းမျဉ်း၊ အများသဘောတူမှ ပါဝင်ခွင့်ရှိရေး၊ မြန်မာ့လက်ရွေးစင်ဖြစ်နေလို့ အထူးဂရုပြုရ မယ့်အချက်၊ လာမယ့်နှစ်တွေမှာ အလားတူ ကစားသမားတွေ လက်ခံဖို့ ရှိမရှိ၊ ပြိုင်ပွဲပုံရိပ် စတဲ့အချက်တွေကို အခြေခံလာကြပါတယ်။

ဒါကြောင့် သက်နိုက်ပါဝင်ကစားမယ့် အခြေအနေကို ပြန်လည် ဆိုင်းငံ့ထားလိုက်ကြတယ်လို့ သတင်းထွက်ပေါ် လာတဲ့အပေါ်မှာတော့ သက်နိုင်က သူ့ရဲ့ လူမှုစာမျက်နှာထက်မှာ အခုလိုပဲ ရေးသားပြီး မေးခွန်းထုတ်လိုက်တာ ပါ။

ဟုတ်ကဲ့ဗျကျွန်တော်မသန်စွမ်းတယောက်ပါဒါပေမယ့်လူကောင်းတွေနဲ့ကစားကြည့်ချင်တာပါလက်ရှိနေရှင်နယ်လိဒ်နဲ့လက်ရွေးစင်ကစားသမားတွေကိုတော့စကေးပိုင်းရောအပြေးနှုန်းပါမမှီပါဘူးဘာလို့လဲဆိုတော့သူတို့ကနေ့တိုင်းထရိန်နင်ရှိတယ်လေခုအပျော်တန်းလိဒ်ကကစားသမားတော်တော်များများနဲ့ကတော့ပြိုင်ဘက်အဖြစ်ကစားဘူးပါတယ်သူတိုနဲ့စကေးခြင်းရောအပြေးနှုန်းပါရှင်လို့ရပါတယ်ဗျခုတချို့တွေကမသန်စွမ်းကမသန်စွမ်းအခြင်းခြင်းပဲကစားသင့်တယ်ထိခိုက်မိမှာစိုးတယ်ဆိုတာကျွန်တော်လက်ခံပါတယ်ဗျာအနောက်ကနေတမင်သတ်သတ်ကြီးဖျတ်ကန်ရင်တော့တမျိုးပေါ့ဗျာဒါပေမယ့်သူတင်ကိုတင်ကစားမယ်ရှေ့ကအကျင့်ယုတ်ပြီးဖျတ်ကန်မယ်ဆိုရင်တော့ကန်ပေါ့ဗျာတခုပါပဲအပျော်တမ်းလိဒ်မှာကျွန်တော်ကမကစားနိုင်ဘူးထင်လို့လားကျွန်တော်နဲ့ကန်ရမှာမသတီသလိုလိုများဖြစ်လို့လားတခုခုပြောပေးကြပါဗျာမင်းနဲ့ကန်ရမှာငါတို့နဲ့မတန်ဘူးလို့သာပြောလိုက်ကျွန်တော်အပျော်တမ်းဘယ်ကလပ်ကိုမှမကန်ဘူးဗျာ ကျွန်တော်မသန်စွမ်းပါပဲခြေထောက်လိမ်နေလားခြေထောက်မပြေးနိုင်ဘူးလားတွန်းတွန်းတိုက်တိုက်မကစားနိုင်ဘူးလား ၊ အရမ်းလဲစိတ်မကောင်းဘူးလေ။” လို့ ရေးသားလာတာပါ။

သက်နိုင်က အပျော်တမ်း ပြိုင်ပွဲမှာ ဝင်ရောက် မကစားဖူးပေမယ့် ယခင်ကတည်းက သာမာန်ကစား သမားတွေနဲ့အတူ ပရဟိတပွဲတွေကို လိုက်လံ ကစားနေရင်း လူမှုဝန်ထမ်းကောင်းတစ်ဦးအဖြစ် ရှင်သန်နေတဲ့ မြန်မာ့လက်ရွေးစင် မသန်စွမ်းဘောလုံးသမားတစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က