အကောင်းဆုံးဆုတွေကို ရရှိခဲ့ာကတာပါ။
Pyae Phyo Thein

ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ကလပ်အသင်း၊ လက်ရွေးစင်အသင်းတို့အတွက် ကစားခဲ့တဲ့ ပွဲစဉ်တွေပေါ်က ခြေစွမ်းကိုအခြေခံပြီး ပေးအပ်ခဲ့တာဖြစ်ကာ ဆန်ခါတင် ၃ဦးစီရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။


MFF-MNL Awards Night 2019 ဆုပေးပွဲအခမ်းအနားကို ဒီနေ့ညနေက သုဝဏ္ဏမြက်ခင်းတုကွင်းမှာ ကျင်းပသွားခဲ့ပါတယ်။ မြန််မာပြည်တွင်းဘောလုံးလောကရဲ့ အကောင်းဆုံးဆုများကို ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ပြီးတော့ ပရိသတ်တွေစိတ်ဝင်စားမှုရရှိခဲ့တဲ့ အခမ်းအနားလည်းဖြစ်ပါတယ်။

ဆုပေးပွဲမှာတော့ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရတနာပုံအသင်းကမြတ်ကောင်းခန့်၊ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ရှမ်းယူနိုက်တက်အသင်းက ဒေးဗစ်ထန်တို့ရရှိခဲ့ကာ အကောင်းဆုံးနည်းပြဆုကို ရှမ်းယူနိုက်တက်နည်းပြ ဦးအောင်နိုင်၊ အကောင်းဆုံးအမျိုးသမီးလူငယ်ကစားသမားဆုကို ဖြူဖြူဝင်းနဲ့ အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို ရီရီဦးတို့က ဆွတ်ခူးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ကလပ်အသင်း၊ လက်ရွေးစင်အသင်းတို့အတွက် ကစားခဲ့တဲ့ ပွဲစဉ်တွေပေါ်က ခြေစွမ်းကိုအခြေခံပြီး ပေးအပ်ခဲ့တာဖြစ်ကာ ဆန်ခါတင် ၃ဦးစီရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။ နည်းပြဆုနဲ့ အကောင်းဆုံးကစားသမားဆုတွေကိုတော့ နေရှင်နယ်လိဂ်ဖလားဆွတ်ခူးခဲ့တဲ့ ချန်ပီယံရှမ်းယူနိုက်တက်အသင်းက သိမး်ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက်ဆုတွေကို ပေးအပ်ခဲ့ရာမှာ လူငယ်ဆုကို လွင်မိုးအောင်နဲ့ အကောင်းဆုံးကစားသမားဆုကို မောင်မောင်လွင်တို့ ဆွတ်ခူးခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ အခြားသောကစားသမားတွေရရှိခဲ့ကြတာလည်းဖြစ်ပါတယ်။ မြတ်ကောင်းခန့်ကတော့ မြန်မာယူ၂၂ အသင်းအတွက် ဆီးဂိမ်းမှာ ခြေစွမ်းပြခဲ့သလို ရတနာပုံအသင်းရဲ့ အဓိကကစားသမားအဖြစ်နဲ့လည်း နေရှင်နယ်လိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒေးဗစ်ထန်ကတော့ ရှမ်းယူနိုက်တက်ကို ပြောင်းရွှေ့ပြီးနောက်မှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး လက်ရွေးစင်ကစားသမားအဖြစ် တစ်ကျော့ပြန်ရွေးချယ်ခြင်းကိုတောင် ခံခဲ့ရသူဖြစ်ပါတယ်။ ဦးအောင်နိုင်ကတော့ ရှမ်းယူနိုက်တက်ကို တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။


က္က