ပြန်စမယ့်နေ့ကို ပူးတွဲထုတ်ပြန်ပေးနိုင်ခြင်းမရှိပါ။

ရန်ကုန်နဲ့ရှမ်းအသင်းတို့ ပါဝင်ကစားနေပြီး ရန်ကုန်က ဇုန်ဆီမီးဖိုင်နယ်အတွက် အခြေအနေ ကောင်းနေ ပေမယ့် ရှမ်းကတော့ ရုန်းကန်နေရပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပနေတဲ့ AFC CUP ပြိုင်ပွဲတွေ အားလုံးကို ရွှေ့ဆိုင်းလိုက်ပြီလို့ အာရှဘောလုံးအဖွဲ့ချုပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။



အစောပိုင်းကတည်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အနောက်ဇုန် AFC CUPပွဲတွေ အကုန်လုံးကို မတ်လ ၁၂ ရက်နေ့ကတည်းက ရွှေ့ဆိုင်းထားပြီး ဖြစ်ပေမယ့်လည်း ယခုအခါ ကျင်းပလျက်ရှိတဲ့ ဇုန်အသီးသီးက ပွဲတွေ အားလုံးကို ရွှေ့ဆိုင်းလိုက်တာပါ။

အခုဆုံးဖြတ်ချက်ကိုတော့ ပြိုင်ပွဲဝင်နိုင်ငံတွေက သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ သဘောတူညီချက် ရယူပြီး ဆုံးဖြတ်အတည်ပြုခဲ့တာလို့ သိရပြီး ပြန်လည်ကျင်းပမယ့် ရက်ကိုတော့ ပူးတွဲ ထုတ်ပြန်ပေးနိုင်ခြင်းမရှိပေ။

AFC CUP 2020 ကို မြန်မာကလပ်တွေ ဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်နဲ့ရှမ်းယူနိုက်တက်တို့ ပါဝင်ကစားနေပြီး လက် ရှိမှာ ရန်ကုန်အသင်းက ၃ပွဲကစား ၂ပွဲနိုင် ၁ပွဲသရေကျပြီး အမှတ်ပေးဇယား အဆင့် ၂ မှာ အဆင့် ၁က ဟိုချီမင်းစီး တီးနဲ့ရမှတ်တူ ဂိုးကွာခြားချက်အရ ရပ်တည်နေပေမယ့် ရှမ်းယူနိုက်တက်အသင်းကတော့ ၃ပွဲကစား ၃ ပွဲရှုံးထားပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က