မနက်ဖြန်မှာ ရှမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဗိုလ်လုပွဲကစားရပါမယ်။

မနှစ်က ဟံသာဝတီအသင်းနဲ့ ဗိုလ်လုပွဲမှာ ကွင်းလယ်ဒိုင်ကို ဥပဒေပ စောဒဂတက်ခဲ့မိလို့ ကာလရှည် ပွဲပယ်ခံ ခဲ့ရသူပါ။

ရန်ကုန်အသင်းခေါင်းဆောင် ဂိုးသမားကျော်ဇင်ထက်က ဒီနှစ်ဗိုလ်လုပွဲမှာ အလားတူ ဖြစ်ရပ်ဆိုး ထပ်မံ မလုပ်တော့ဘူးလို့ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ထားကြောင်းနဲ့ အဆိုပါ ပုံရိပ်ဆိုးကိုလည်း မေ့လိုက်ပြီလို့ ဒီကနေ့  ပြုလုပ်တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။



“မနှစ်က ဖြစ်ရပ်ဆိုးကိုတော့ မေ့လိုက်ပါပြီ၊အဲ့လို ထပ်မဖြစ်တော့ဘူးလို့လည်း ကိုယ့်ကိုယ်ကို ဆုံးဖြတ်ထားပါ တယ်၊ အဓိကက ပွဲကိုပဲ အာရုံစိုက်မယ်၊သုဝဏ္ဏဖြစ်လို့ နှစ်သင်းလုံးအတွက် ပိုကောင်းတယ်။အခုပွဲကတော့ တကယ်ကို ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။”လို့ ကျော်ဇင်ထက်က ပြောခဲ့တာပါ။

မနှစ်က ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲမှာ ကွင်းလယ်ဒိုင်ကို ဥပဒေပ စောဒဂတက်ခဲ့မှုကြောင့် ကာလရှည် ပွဲပယ်ပြစ်ဒဏ်နဲ့ ငွေဒဏ် ကျခံခဲ့ရတာကြောင့်ရန်ကုန်အသင်းနဲ့အတူ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ပထမ အကျော့ကို လွဲချော်ခဲ့ရသူပါ။



ကျော်ဇင်ထက်အနေနဲ့ ရန်ကုန်ယူနိုက်တက်နဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ အားထားရတဲ့ မြန်မာ့လက်ရွေးစင် ဂိုးသမားတစ်ဦးဖြစ်ပါတယ်။

ရန်ကုန်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲကိုတော့ မနက်ဖြန် စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။



က္က