ဘူရီယမ်အသင်းရဲ့နေရာကို လွှဲပြောင်းရယူခဲ့တာပါ။
Pyae Phyo Thein

မြန်မာကလပ်တွေထဲမှာတော့ ရန်ကုန်ယူနိုက်တက်က အဆင့်အမြင့်ဆုံးဖြစ်နေပြီး အဆင့် ၇၈ မှာရပ်တည်နေခဲ့ပါတယ်။ ရှမ်းယူနိုက်တက်က အဆင့် ၁၀၄၊ ရတနာပုံက ၁၃၃၊ မကွေးက ၁၄၅စီနဲ့ အသီးသီးရပ်တည်ခဲ့ကြပါတယ်။ 


ဖိလစ်ပိုင်ကလပ်ဆီးရက်စ်နီဂရို့စ်အသင်းဟာ အာဆီယံဒေသတွင်းရဲ့ အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မနေ့က ထုတ်ပြန်ခဲ့တဲ့ အာရှကလပ်အသင်းတွေရဲ့ အဆင့်သတ်မှတ်ချက်မှာ အာဆီယံကလပ်တွေထဲ ဆီးရက်စ်အသင်းက အမြင့်ဆုံးအဆင့်မှာ ရှိနေခဲ့ပြီး ထိုင်းနာမည်ကြီးကလပ် ဘူရီယမ်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

အာရှချန်ပီယံလိဂ်ခြေစစ်ပွဲအဆင့်ကို ဝင်ရောက်ကစားနေတဲ့ ဆီးရက်စ်အနေနဲ့ အသင်းတည်ထောင်တာ သိပ်မကြာသေးတဲ့အချိန်မှာပဲ အာဆီယံထိပ်သီးအသင်းတစ်သင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။ အာရှကလပ်တွေရဲ့ အဆင့်သတ်မှတ်မှုမှာ ဆီးရက်စ််က အဆင့် ၂၅ နေရာရပ်တည်နိုင်ခဲ့ပြီး ဘူရီယမ်အသင်းကတော့ အဆင့် ၂၆ နေရာမှာရှိကာ ရမှတ်အားဖြင့် ၀.၀၈ မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၉ ဖိလစ်ပိုင်ပြည်တွင်းလိဂ်ချန်ပီယံဖြစ်ခဲ့ပြီးနောက် ဆီးရက်စ်က အာရှချန်ပီယံလိဂ်ခြေစစ်ပွဲအဆင့်ကို ကစားခွင့်ရရှိခဲ့ပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရှမ်းယူနိုက်တက်ကို အိမ်ကွငး်မှာ ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ကာ ထိုင်းကလပ် ပို့တ်ကို ထပ်မံအနိုင်ယူနိုင်ခဲ့ပါတယ်။ 

ဆီးရက်စ်အနေနဲ့ Play-off အဆင့်မှာတော့ ဂျပန်ကလပ်အက်ဖ်စီတိုကျိုကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ရပြီး အေအက်ဖ်စီပြိုင်ပွဲနဲ့သာ ကျေနပ်ခဲ့ရပြီလည်းဖြစ်ပါတယ်။ FootyRankings က ထုတ်ပြန်ခဲ့တဲ့ သတ်မှတ်ချက်အရ သိရှိရတာဖြစ်ပြီး အာရှရဲ့အဆင့်တစ်အသင်းအဖြစ် ဂျေလိဂ်နာမည်ကျော်ကလပ် ကာရှီမာအန်တလာအသင်းက ရှန်ဟိုင်း SIPG ထက် ၀.၃၉ မှတ်အသာနဲ့ ရပ်တည်ခဲ့ပါတယ်။ 

ဒီရပ်တည်မှုကို နောက်ဆုံးလေးနှစ်အတွင်း ရရှိခဲ့တဲ့ AFC Club ရမှတ် နဲ့ နိုင်ငံတွင်းလိဂ်ရပ်တည်မှုက ၂၀%ကို အခြေခံကာ တွက်ချက်ထားတယ်လို့ သိရပါတယ်။ မြန်မာကလပ်တွေထဲမှာတော့ ရန်ကုန်ယူနိုက်တက်က အဆင့်အမြင့်ဆုံးဖြစ်နေပြီး အဆင့် ၇၈ မှာရပ်တည်နေခဲ့ပါတယ်။ ရှမ်းယူနိုက်တက်က အဆင့် ၁၀၄၊ ရတနာပုံက ၁၃၃၊ မကွေးက ၁၄၅စီနဲ့ အသီးသီးရပ်တည်ခဲ့ကြပါတယ်။ 


Author


က္က