ဟံသာဝတီရဲ့ နိုင်ငံခြားသားကစားသမား၃ဦးအနက် ၂ဦးက ရန်ကုန်ကစားသမားဟောင်းတွေပါ။

ရန်ကုန်ကတော့ ဒီနေ့ပွဲရှုံးခဲ့လို့ ရာသီဝက်ချန်ပီယံဖြစ်ခဲ့တဲ့ ဟံသာဝတီနဲ့ ၇မှတ်ထိကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။

ဟံသာဝတီအသင်းက နိုင်ငံခြားသား ကစားသမားတွေက ခြေစွမ်းပိုင်းရော၊စည်းကမ်းပိုင်းရော ပိုကောင်းခဲ့ကြပါ တယ်လို့ ဟံသာဝတီကို ၃-၁နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်နည်းပြ ဦးတင် မောင်ထွန်းက ပြောသွားပါတယ်။



“သူတို့ဆီက နိုင်ငံခြားသားတွေထဲမှာ အီမီကာနဲ့ မွန်ကာလူးက ကျွန်တော်တို့ရဲ့ ကစားသမားဟောင်းတွေပါ။သူတို့ ရဲ့ကြံ့ခိုင်မှုက ကောင်းသလို ‌နောက်ထပ် တိုက်စစ်မှူးဆိုလည်း အထိန်းအသိမ်းကောင်းပါတယ်။ကျွန်တော်ကတော့ နိုင်ငံခြားသားကစားသမားနည်းနည်းကွာဟခဲ့တယ်လို့ ထင်ပါတယ်။”လို့ ဦးတင်မောင်ထွန်းက ပြောခဲ့ပါတယ်။

ရန်ကုန်အသင်းက ဒီနေ့ပွဲမှာ ဦးဆောင်ဂိုးရခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက်ခွင့်ပြုပေးခဲ့ရပြီး ဟံသာ ဝတီကို ၃-၁နဲ့ အရေးနိမ့်ခဲ့တာပါ။

ဒါကြောင့် ရမှတ် ၂၄မှတ်နဲ့ ရာသီဝက်ချန်ပီယံ ဖြစ်ခဲ့တဲ့ ဟံသာဝတီနဲ့ ၇မှတ်ထိကွာဟခဲ့ပြီဖြစ်တာကြောင့် ပြိုင်ပွဲရဲ့ ချန်ပီယံ ပြေးလမ်းမှာ သူများအမှားကို စောင့်ရတော့မယ်လို့လည်း နည်းပြချုပ် ဦးတင်မောင်ထွန်းက သုံးသပ်ပြော ခဲ့ပါသေးတယ်။

“ကျွန်တော်တို့က အခု ၇မှတ်ထိပြတ်သွားတော့ လက်ကျန်ပွဲတွေမှာ ကိုယ်ကနိုင်ရင်တောင် သူရှုံးမှ အမှတ်ကကပ် မှာလေ။ဒါကြောင့် အခုတော့ သူတို့အမှားကိုပဲစောင့်ပြီးကစားရတော့မယ့် အနေအထားရောက်သွားတော့ ချန်ပီယံ ပြေးလမ်းက နည်းနည်းတော့ ခက်ခဲသွားတာပေါ့။”လို့ ဦးတင်မောင်ထွန်းက ဆက်လက်ဆိုပါတယ်။

ရန်ကုန်အသင်းအနေနဲ့ ကိုဗစ်အလွန် မြန်မာလိဂ် ပြန်လည်စတင်ချိန်မှာ မကွေးအသင်းကို ၆ဂိုးပြတ်အနိုင်ရခဲ့ပေ မယ့်လည်း ဒီနေ့ပွဲမှာတော့ အပိုင်အခွင့်အရေးအချို့ လွဲချော်မှုနဲ့အတူ ဟံသာဝတီကို အရေးနိမ့်ခဲ့ရတာပါ။

Share

Loading Next Article...
က္က